Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ၏စတုတ္ထအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Thu, 01/02/2020 - 11:28 -- journal_editor

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သော အမျိုး သားအဆင့် ကုန်သွယ်မှု  လွယ်ကူချောမွေ့စေရေး ကော်မတီ၏  စတုတ္ထအကြိမ်အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဦးအောင်ထူးနှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ တက်ရောက် အဖွင့်အမှာ စကားပြောကြားခဲ့သည်။

    ရှေးဦးစွာ   ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီသည် သဘော တူညီချက်ပါ  ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ခြင်းနှင့် ပြည်တွင်းညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ် နှစ်ခုစလုံးကို ဆောင်ရွက်ပေးရန်ဖြစ် ကြောင်း၊ ကော်မတီ၏  မူလမျှော်မှန်းချက်ဖြစ်သည့် သဘောတူညီချက်ပါ   လုပ်ငန်းအစီအမံများကို အကောင်အထည်ဖော်ခြင်းအပြင် အခြားသော  အစိုးရ- ပုဂ္ဂလိက အဖွဲ့အစည်း များအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့်ဆက်စပ်သည့် ဆက် သွယ်ဆောင်ရွက်မှုများ တိုး တက်လာစေရန် ကော်မတီကဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ထို့နောက် ပူးတွဲဥက္ကဋ္ဌဖြစ်သည့် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားခဲ့ပြီး Trade Facilitation Agreement  အကောင်အထည်ဖော်ဆောင် နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် လုပ် ငန်းအဖွဲ့များ၏ အတွင်းရေးမှူးများဖြစ်သော အကောက်ခွန်ဦးစီးဌာန နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက လုပ်ငန်းအဖွဲ့အလိုက် တာဝန်ယူထားသည့် လုပ်ငန်း အစီအမံများကို  တိုးတက်အောင်ဆောင်ရွက်နိုင်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ဥက္ကဋ္ဌ နှင့် ပူးတွဲဥက္ကဋ္ဌတို့က ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ် နှင့် ဒုတိယသုံးလပတ်ကာလများအတွင်း ဆောင်ရွက် သွားရန် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထိုအစည်းအဝေးသို့ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့ အစည်းများမှ ကော်မတီဝင်များနှင့် ဘာသာရပ် တာဝန် ခံကိုယ်စားလှယ်များ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။                 

 

MOC (IR)