Main menu

Background

ဟင်္သာတမတ်ပဲ ဈေးမြင့်သော်လည်း အရောင်းအဝယ်အေး

Thu, 01/02/2020 - 11:38 -- journal_editor

     ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်တွင် ဒီဇင်ဘာလ တတိယပတ်က   တစ်တင်းလျှင် ကျပ် ၃၂၀ဝ၀ ကျပ်ဈေးဖြစ်ခဲ့သော မတ်ပဲသည် ဒီဇင်ဘာ ၂၃ ရက်တွင် ကျပ် ၃၅၅၀ဝ ထိ   မြင့်တက်ခဲ့ကာ   ဒီဇင်ဘာ ၂၄  ရက်တွင် ကျပ် ၃၄၅၀ဝ သို့ ပြန်လည်ကျဆင်းခဲ့ပြီး  ဒီဇင်ဘာ ၂၆ ရက်တွင် လည်းကျပ် ၃၄၅၀ဝ တွင် ဈေးငြိမ်လျက်ရှိသည်။ ဈေးတက်လာသော်လည်း အရောင်းအဝယ်အေးခဲ့ပြီး နေ့စဉ် အိတ် ၃၀ဝ မှ ၅၀ဝ အတွင်းသာ   အရောင်း အဝယ်ဖြစ် နေခဲ့သည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ၊ ပဲတီစိမ်း (ဝါးခယ်မ) တစ်တင်းလျှင်  ကျပ် ၃၇၅၀ဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။၊ ပဲလွန်းနီ တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်သီတင်း တစ်ပတ်ထက်  ကျပ် ၂၀ဝ၀ မြင့်တက်ခဲ့ကာ ပဲလွန်းဖြူ တစ် တင်း လျှင်ကျပ် ၂၈၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် သီတင်းပတ်ထက် ကျပ် ၂၀ဝ၀ ကျဆင်းခဲ့သည်။

     ပဲပုပ်တစ်တင်းလျှင်ကျပ် ၂၂၄၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ယခင်သီတင်းပတ်ထက်  ကျပ် ၄၀ဝ မြင့် တက်ခဲ့သည်။ ဖွဲနုပေါင် ၇၀ တစ်အိတ်လျှင်ကျပ် ၈၁၀ဝ ဖြင့်အရောင်း အဝယ်ဖြစ်နေပြီး ယခင်သီတင်းပတ်ထက် ၁၀ဝကျပ် မြင့်တက် ခဲ့ကာ ဆန်ကွဲ (၁၊၂) ၁၀၈ ပေါင်တစ်အိတ်လျှင်ကျပ် ၁၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ပြီး   ယခင်သီတင်းပတ်ထက် ကျပ် ၅၀ဝ မြင့်တက်ခဲ့ကာ  ဆန်ကွဲ (၂၊၃၊၄) ၁၀၈ ပေါင်တစ်အိတ်လျှင် ကျပ် ၁၂၇၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိ ရသည်။

 

 မောင်မောင်မြတ်ခိုင်