Main menu

Background

ကြံခုတ်သိမ်းစက် အသုံးပြုခြင်းကြောင့် အကျိုးကျေးဇူးများ ရရှိ

Fri, 01/03/2020 - 11:46 -- journal_editor

        ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ “ရွှေပြည်မြေ” ကုမ္ပဏီ အနေဖြင့် ကြံစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း အထွက်နှုန်းကောင်းသောကြံမျိုးများဖြစ်သည့် ထိုင်း KK3 နှင့် K 2000 မျိုးများအားရေဖျန်းစနစ်ဖြင့် ဧက ၁၂၀ဝ အား အဆက်ဆက်တည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိပါ သည်။ ကြံများအား ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးထားခြင်းကြောင့် တစ်ကြိမ်စိုက်ပျိုးလျှင် ငါးနှစ်အထိ လမိုင်းခင်းအဖြစ်  အထွက်နှုန်း ကောင်းကြောင်း၊ တစ်ဧက အထွက်နှုန်းအနေဖြင့် ပျမ်းမျှတန် ၃၀ နှုန်းထွက်ရှိကြောင်းသိရပါသည်။ ရွှေပြည်မြေ ကုမ္ပဏီအနေဖြင့် ကြံ စိုက်ဧက ၁၂၀ဝ ရှိရာ ၄င်းတို့မှထွက်ရှိလာသည့် ကြံတန် ၃၆၀ဝ အား ပြည်မြို့နယ် နဝဒေးစက်ရုံသို့  နေ့စဉ်အချိန်မီ  ကြံတန် ၁၅၀ တင်ပို့ ရောင်းချနိုင်ရေးအတွက် ကြံခုတ်သိမ်းခြင်းအား ဘရာဇီးနိုင်ငံထုတ် (CAVE) ကြံခုတ်သိမ်းစက်ကြီးဖြင့် ဆောင်ရွက်နေကြောင်း သိရှိရ သည်။

      တစ်ရက်လျှင် ကြံတန် ၁၅၀ အား လုပ်သားအင်အားဖြင့်ခုတ် သိမ်းခြင်းဆောင်ရွက်မည်ဆိုပါက  လုပ်သား ၁၀ဝ ဦးခန့် အသုံးပြု ဆောင်ရွက်ရမည်ဖြစ်ပြီး CAVE ကြံခုတ်သိမ်းစက်ကြီးဖြင့် ဆောင် ရွက်မည်ဆိုပါက စက်မောင်းနှစ်ဦးသာ လိုအပ်သည့်အတွက် လုပ် သားရှားပါးမှုကို ဖြေရှင်းနိုင်ခြင်း၊ လူအင်အားဖြင့်   ဆောင်ရွက်ရာတွင် ကြံပင်၏ အချိုဓာတ်များသော အရင်းပိုင်းမှမြေပေါ်သို့ ၁၀ လက်မ ခန့်ကျန်ရှိ၍စက်ဖြင့်ရိတ်သိမ်းရာတွင်ကြံပင်၏ မြေပေါ်အရင်းပိုင်း အထိ ခုတ်သိမ်းနိုင်သည့်အတွက် လေလွင့်ဆုံးရှုံးမှုမရှိခြင်း၊ အမှိုက် ရှင်းခသက်သာခြင်း၊ ကြံ၏ သန့်ရှင်းမှုကောင်းခြင်း၊ စက်ဖြင့် ရိတ် သိမ်းရာတွင် တစ်နာရီလျှင် တစ်ဧက ကြံတန် ၃၀ ခန့်ရိတ်သိမ်းနိုင်၍ အချိန်ကြန့်ကြာမှုမရှိခြင်းကြောင့် ကြံ၏ အစိုဓာတ်အား ထိန်းသိမ်း ထားနိုင်၍ အလေးချိန် လျော့ကျမှုမရှိခြင်း၊ မြေအောက်အစိုဓာတ် ကောင်းသောရာသီအမီ ပြန်လည်စိုက်ပျိုးနိုင်ခြင်း၊ လူအင်အားဖြင့် ခုတ်သိမ်းခြင်းအတွက်ကြံ တစ်တန်လျှင်ကျပ် ၁၂၀ဝ၀ ကုန်ကျပြီး ကြံ တစ်တန်အား (CAVE) ကြံခုတ်သိမ်းစက်ဖြင့် ခုတ်သိမ်းမည်ဆိုပါက ကျပ် ၁၀ဝ၀ဝ သာကုန်ကျမည်ဖြစ်၍ ရွှေပြည်မြေကုမ္ပဏီ အနေဖြင့် ကြံများအား စက်ဖြင့်ခုတ်သိမ်းခြင်းကြောင့် အကျိုးကျေးဇူးများရရှိ နေကြောင်းသိရှိရပါသည်။

    CAVE  ကြံခုတ်သိမ်းစက်သည်  တစ်ရက်လျှင် ကြံတန် ၃၀ဝ ခုတ်သိမ်းနိုင်သဖြင့် ကြံတစ်တန်လျှင် ကျပ် ၁၀ဝ၀ဝ ရရှိမည်ဆိုပါက တစ်နေ့ဝင်ငွေ သိန်း ၃၀ ရရှိမည်ဖြစ်ပါသည်။ စက်၏တန်ဖိုးသည် သိန်း ၆၀ဝ၀ ဖြစ်သည့်အတွက် ကြံတစ်တန်လျှင် ကျပ် ၁၀ဝ၀ဝ နှုန်း ဖြင့်ကြံတန်ချိန် ၆၀ဝ၀ဝ ရိတ်ပြီးလျှင် အရင်းကျေမည်ဖြစ်ပါသည်။ ရွှေပြည်မြေကဲ့သို့ ကြံများခုတ်သိမ်းရာတွင် စက်ဖြင့်လုပ်ဆောင် နေခြင်းကြောင့် လုပ်သားအင်အားရှားပါးမှုအား ဖြေရှင်းနိုင်သလို အချိန်မီ  အရည်အသွေးကောင်းကြံများ ထုတ်လုပ်နိုင်ခြင်း၊ အခြား နိုင်ငံများတွင်လည်း သီးနှံများကိုစက်စွမ်းအားများဖြင့်  ရိတ်သိမ်း ခြင်းများ ဆောင်ရွက်၍  လုပ်သားရှားပါးမှု   အခက်အခဲအား ကျော် လွှားနိုင်သလို ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း အလားတူစက် ကိရိယာများ အသုံးပြု၍  လုပ်သားအင်အားလျှော့ချနိုင်ပြီး အရည် အသွေးကောင်းသော၊ အထွက်နှုန်းကောင်းသောအသီးအနှံများအား  အချိန်ကုန်သက်သာစွာဖြင့် လုပ်ငန်းများ အောင်မြင်ပြီးမြောက်စေ မည်ဖြစ်ပါသည်။ အခြားလုပ်ငန်းရှင်များ အနေဖြင့် လုပ်သားအင် အားရှားပါးမှုကို ကျော်လွှားနိုင်ရန် စက်စွမ်းအားများကို အသုံးချ သင့်ပြီဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

 

နိုင်လင်းထွန်း (ပြည်)