Main menu

Background

တောင်ပေါ်ဒေသ ချင်းပြည်နယ်မှ ဈေးကွက်ဝင် ထောပတ်သီး

Fri, 01/03/2020 - 12:14 -- journal_editor

    ချင်းပြည်နယ်မှ စိုက်ဧကပေါင်း ၆၂၂  ဧကခန့် စိုက်ပျိုးထား ရှိပြီး ဒေသထွက်သီးနှံအဖြစ် တစ်မူထူးခြား လူကြိုက်များတဲ့ထောပတ် သီး ( Peresa Americana )၊ မျိုးရင်းအနေနဲ့ ( Louraeae ) ကရဝေး၊ သစ်ကြမ်းပိုး၊ ပရုတ်၊ နလင်ကျော် မျိုးရင်းဖြစ်ပါတယ်။ မူရင်းဒေသ အနေနဲ့ကတော့ အမေရိကားကလို့ လေ့လာမှတ်သားဖူးပါတယ်။ ထောပတ်သီးသည် ကရဝေး၊ သစ်ကြမ်းပိုးပင်များကဲ့သို့ ပူအိုက် စွတ်စိုသောရာသီဥတုကို   ကြိုက်နှစ်သက်ပြီး မိုးကောင်းတဲ့အရပ် တွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ထောပတ်သီးစေ့ကို   ပျိုးထောင်ထားပြီး မိုးကောင်းတဲ့အရပ်တွေမှာ စိုက်ပျိုးနိုင်ပါတယ်။ ထောပတ်သီးစေ့ကို ပျိုးထောင်ထားပြီး တစ်လခန့် အကြာမှာအပင်ပေါက်ပါတယ်။ မိုးဦး ကျကာလရောက်ပြီဆိုတာနဲ့ ပျိုးပင်ပေါက်များကို သုံးပေပတ်လည်၊ သုံးပေအနက်တူးထားတဲ့ ကျင်းတွေထဲကိုသဘာဝမြေသြဇာတွေဖြစ် တဲ့ မြေဆွေး၊ သဲ၊ ဖွဲ၊ ပြာများထည့်ပြီး ပျိုးပင်များကို   စိုက်ပျိုးနိုင်ပါ တယ်။ ထောပတ်ပင်ဟာ  အပင်ကြီးမျိုးဖြစ်တဲ့အတွက် စိုက်ပျိုးရာမှာ စိုက်ကျင်းတွေကို   တစ်ကျင်းနဲ့ တစ်ကျင်းကြား ၂၅ ပေခွာပြီး စိုက် ပျိုးသင့်ပါတယ်။ အပင်ပြုစုပျိုးထောင်လိုသူများ   အနေနဲ့ကတော့ အပင်သက်တမ်း တစ်နှစ်သားခန့်ရပါက သဘာဝမြေသြဇာများဖြစ်တဲ့ နွားချေးဆွေး (သို့ ) မြေဆွေးများ ထည့်သွင်းပေးတဲ့အခါ အပင်သက် တမ်းပေါ်မူတည်ပြီးအပင်ရင်းနဲ့ နှစ်ပေမှ ခြောက်ပေခန့်အကွာမှာ ထည့်ပေးသင့်ပါတယ်။ ထောပတ်ပင်ကမြေစေး၊ သဲ၊ ကျောက် စရစ် မြေများမှာဖြစ်ထွန်းပြီး ရေဓာတ်လိုအပ်သော်လည်းရေမဝပ်စေရန် သတိပြုဖို့ လိုပါတယ်။

    ထောပတ်ပင်ရဲ့ကိုင်းတွေကဆတ်ပြီးကျိုးလွယ်တဲ့အတွက် လေဒဏ်ကိုခံနိုင်ရည်မရှိနိုင်ပေမဲ့ မိုးဒဏ်ကိုတော့ ကြံ့ကြံ့ခံနိုင်ပါတယ်။ ထောက်ပတ်စေ့ကိုပျိုး၍ စိုက်ပျိုးတဲ့အပင်ကတော့ သက်တမ်း ခုနစ် နှစ်ခန့်ကြာမြင့်မှ ပန်းစပွင့်သော်လည်း၊ လိင်မဲ့ (ကိုင်းပျိုး) မျိုးပွားပင် ဆိုပါက သုံးနှစ်ခန့် သက်တမ်းမှာပန်းစပွင့်တာတွေ့ရပါမယ်။ အသီး လှိုင်လှိုင်တင်စေချင်တယ်ဆိုရင်တော့ လေဒဏ်ခံနိုင်စေရန် အတွက် အပင်ကိုအမြင့်မခံဘဲ  ကိုင်းရှင်းပေးသင့်ပါတယ်။ ကိုင်းရှင်း ရာတွင် အရှင်းလွန်ပါက   အသီးထွက်နောက်ကျခြင်း၊ အသီးတင်မှု လျော့ နည်းတဲ့ပြဿနာနဲ့လည်း  ကြုံရတတ်ပါတယ်။ ထောပတ်ပန်း စပွင့် ချိန်မှ ထောပတ်သီး  ဆွတ်ခူးနိုင်သည်အထိ ၁၀  လခန့်မှ ကြာမြင့်ပါ တယ်။ နိုဝင်ဘာလအစောပိုင်းတွင် ထောပတ်သီးစတင်ထွက်ပေါ်ကာ (၃၊ ၄) လခန့်အကြာတွင် ရောင်းပန်းဝင်ပြီဖြစ်ပါတယ်။ ချင်းတောင် ဒေသထွက် ထောပတ်သီးများကို  လူကြိုက်များပြီး ရောင်းပန်းဝင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူ  များပြားသော်လည်း ထောပတ်သီးနဲ့ ဓာတ်မတည့်တဲ့အချို့သောသူများ ရှိတတ်ပါတယ်။ ထောပတ်သီးပေါ်စတွင် အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်း များအသီးသီးရှိပါတယ်။ ထောပတ်သီး အလုံးကြီးတစ်လုံးလျှင် ကျပ် ၈၀ဝ၊ အလတ်  တစ်လုံးလျှင်  ကျပ် ၅၀ဝ နှင့် အသေး တစ်လုံးလျှင်  ကျပ် ၃၀ဝ ခန့်ပေါက်ဈေးရှိပါတယ်။  ထောပတ်သီး  လှိုင်လှိုင်ပေါ် သောရာသီ ဇန်နဝါရီလတွင် ထောပတ်သီးအကြီးတစ်လုံးလျှင်  ကျပ် ၅၀ဝ  ဈေးနှုန်းခန့်ဖြင့်  ရောင်းချရပါတယ်။ ချင်းတောင်ဒေသထွက် ထောပတ်သီးများကို ဈေးကွက်အနေဖြင့် ကလေး၊ ပခုက္ကူ၊ မန္တလေး မြို့များသို့ တင်ပို့ရောင်းချကြောင်း လေ့လာသိရှိရပါတယ်။ ထောပတ်သီးရဲ့အရသာဟာဆိမ့်ပြီးထောပတ်သီးစားသုံးခြင်း ရဲ့ အကျိုးကျေးဇူးတွေကတော့ကို လက်စထရောသိသိသာသာကျ ဆင်းခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးစေပါတယ်။ အဝလွန်တဲ့ သူများစားသုံးဖို့သင့်တော်ပါတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ထောပတ် သီးမှာပါဝင်တဲ့ Oleic acke က  ကိုယ်အလေးချိန်ကို   ထိန်းပေးနိုင် သလို ခန္ဓာကိုယ်ဖောရောင်ခြင်းများကိုလည်း  လျော့ကျစေပါတယ်။ ပိုတက်ဆီယမြွ်ကယ်ဝတဲ့အတွက် သွေးတိုးကျစေပြီးဗီတာမင် C နှင့် ဗီတာမင် E ပါလို့  အသားအရေကိုဝင်းပစေတဲ့အပြင် အမျှင်ဓာတ် များတဲ့အတွက် ဝမ်းမှန်စေပါတယ်။ ထောပတ်သီးတစ်လုံးမှာ Amino Acids  ၁၈ မျိုးလောက်  ပါဝင်တယ်လို့ သိရပါတယ်။ ထောပတ်သီး ဟာအဆီအနှစ်ပြည့်ဝတဲ့ အရသာရှိတာကြောင့် ကျန်းမာရေးနဲ့ သင့် တော်ပါတယ်။ ထို့ပြင်  လူအများစု   မလုံလောက်တဲ့ Potassium ဓာတ်များစွာပါဝင်တဲ့အတွက် သွေးပေါင်ချိန် ကျစေပါတဲ့အပြင် နှလုံး သွေးလည်ပတ်မှုကောင်းမွန်စေတဲ့အတွက် လေဖြတ်ခြင်းနဲ့ ကျောက် ကပ် ထိခိုက်ခြင်းကိုလဲကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ အာဟာရတွေဟာ အမျိုးသားများ သုတ်ရည်ထုတ်ပေးတဲ့အကျိတ်မှာ ဖြစ်ပေါ်တတ်တဲ့ကင်ဆာကို ကာကွယ်ပေးတယ်လို့လည်း လေ့လာ မှတ်သားဖူးပါတယ်။

       ထောပတ်သီးကိုစားသုံးခြင်းများအပြင် အလှပြုပြင်ရေးပစ္စည်း များထုတ်လုပ်ရာတွင် လည်းအသုံးပြုကြပါတယ်။ ထောပတ်သီးဟာ အသားအရေကိုနူးညံ့စေကာ ရေဓာတ်ဖြည့်တင်းပြီး အသားရေထိန်း သိမ်းပေးတဲ့အတွက် အမျိုးသမီးအများစုထောပတ်သီးမှ ထုတ်လုပ် သော အလှကုန်ပစ္စည်းများကို ကြိုက်နှစ်သက်သည့်အတွက် ရွေးချယ် ဝယ်ယူအသုံးပြုကြပါတယ်။ ထောပတ်သီးသည် မျက်နှာအဆီပြန်ခြင်း၊ အရေးကြောင်းများ  ပေါ်ခြင်း၊ အသားရေ   ခြောက်ကပ်ခြင်းတို့မှ ကာကွယ်ရန်အတွက်  အသုံးပြုရန်   အကောင်းဆုံးဖြစ်ပါတယ်။ ရေမွှေးထုတ်လုပ်ရာမှာလည်း အသုံးဝင်ပါသေးတယ်။ လူအများစုဟာ ထောပတ်သီးစားပြီဆိုတာနဲ့ အစေ့မာမာကြီးကို လွှင့်ပစ်တတ်ကြတာ အလွန်နှမြောစရာကောင်းပါတယ်။ ထောပတ်စေ့ကိုနေလှန်းပြီး သနပ်ခါးအဖြစ် နေ့စဉ်လူးပေးပါက   တင်းတိပ်ကျသူများအတွက် သက်သာစေပါတယ်။ ထောပတ်သီးစေ့ဟာ   အရေပြား တစ်သျှူး တွေကိုအကျိုးပြုစေတဲ့အတွက် အသားရေတွန့်တာတွေကို ကာကွယ် စေတဲ့အပြင် အိုမင်းရင့်ရော်ခြင်းကို  ကာကွယ်ပေးပါတယ်။ဆေးဝါးများထုတ်လုပ်ရာတွင်လည်းအသုံးဝင်တယ်လို့ သိရပါ တယ်။ ထောပတ်သီးကို   နည်းအမျိုးမျိုးဖြင့် စားသုံးနိုင်ပါတယ်။ ထောပတ်သီးပူတင်း၊ ကျောက်ကျော၊ ဖျော်ရည်စသည်ဖြင့် အမျိုးမျိုး ပြုလုပ်စားသုံးကြပါသော်လည်း သဘာဝအတိုင်း   အဆိမ့်စားလျှင် လည်း  ကြိုက်နှစ်သက်သူများပြားလှပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး ကျန်းမာရေးနဲ့ သင့်တော်တဲ့ အသီးမျိုးဖြစ်တဲ့အတွက် စီးပွားဖြစ်စိုက် ပျိုးရန်အတွက် သင့်တော်တဲ့ အသီးပင်တစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးပင်များကိုရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ပြင်ဦး လွင်မြို့များတွင် အဓိကစိုက်ပျိုးကြပြီး  ချင်းပြည်နယ်တွင် ထောပတ် သီးစိုက်ပျိုးဧက၆၂၂  ဧကခန့်  စိုက်ပျိုးထားရှိပြီးဖြစ်ပါတယ်။ ထော ပတ်သီးအသင်း/အစုအဖွဲ့များ  ဖွဲ့စည်းထားရှိကာ ဒေသထွက်ကုန် သီးနှံတစ်မျိုးအဖြစ် ဈေးနှုန်း/ဈေးကွက်များ  ဖော်ဆောင်ရာတွင် ရောင်းတန်းဝင်သည့် ထောပတ်သီးများဖြစ်ကြောင်း လေ့လာသုံးသပ် တင်ပြလိုက်ပါတယ်။ 

 

သိမ့်သိမ့် (ကလေး)