Main menu

Background

ဟင်္သာတနှင့်မအူပင်ခရိုင်တို့တွင် နွေစပါးဈေး အနည်းငယ်မြင့်တက်

Fri, 06/19/2020 - 13:10 -- journal_editor

       ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၊ ၅၅၀ဝ၀ဝ မှ ယခုစပါးဈေး ကျပ် ၅၄၀ဝ၀ဝ၊ ၅၆၀ဝ၀ဝ ဈေးဖြစ်သွား၍ စပါးတင်း ၁၀ဝ လျှင်ကျပ် ၁၀ဝ၀ဝ ဝန်းကျင် ဈေးမြင့်တက်သွားသည်။  မအူပင်ခရိုင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀ဝလျှင် ကျပ် ၅၄၈၀ဝ၀ ဝန်းကျင်ဈေးမှ ယခုဈေး  ကျပ် ၅၇၀ဝ၀ဝ ဖြစ်သွားသည့်အတွက်  စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ ခန့်ဈေးနှုန်း မြင့်တက်သွားကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ မြို့နယ်များတွင်ပြည်ပပို့တင်ပို့ရန် ဝယ်လိုအားရှိခြင်းနှင့် စပါးလက်ကျန် လျော့နည်းလာခြင်းတို့ကြောင့်  ဧည့်မထနွေစပါးနှင့် မြို့နယ်အချို့ဆန်ဈေးအနည်းငယ်မြင့်တက်မှုရှိကြောင်း တိုင်းဆန်စပါး သတင်းများအရ သိရသည်။

 

မင်းမင်းဦး(ပုသိမ်)