Main menu

Background

ပခုက္ကူနှင့်ဆိပ်ဖြူကုန်စည်ဒိုင်များ၌ ကြက်သွန်နီ ဈေးငြိမ်နေ

Fri, 07/03/2020 - 12:41 -- journal_editor

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက် ၊ဆိပ်ဖြူ၊ ရေစကြို၊ ယောနယ်ဒေသများမှာ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများဈေးကွက်အတွင်းသို့ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုလက်ရှိ  ကြက် သွန်နီဈေးမှာ ဈေးနှုန်းအတက်အကျ မရှိဈေးငြိမ်နေသည်။ ယခုတစ်ပတ်၏  ကြက်သွန်နီ လက်ကား ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၄၃၀ ၊ အလတ်စတစ် ပိဿာ လျှင် ကျပ် ၃၅၀ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၃၀ဝ ဖြင့် ကုန်ချိန် ၃၀ဝ၀ဝ ခန့်အရောင်းအဝယ်ဖြစ်နေသည်။ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၈၀ဝ၊ အလတ်စတစ်ပိဿာလျှင် ကျပ် ၆၀ဝ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၅၀ဝ ဖြင့်ရောင်းဝယ်လျက်ရှိသည်။ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ယခုတစ်ပတ်၏ ကြက်သွန်နီ လက်ကားဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ၄၃၅ ကျပ်၊ အလတ်စတစ်ပိဿာလျှင်၄၁၀ ကျပ် ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၃၈၀ဖြင့်  ကုန်ချိန်၁၃၀ဝ၀ခန့် ဥပုသ်နေ့မှလွဲ၍အရောင်း အဝယ်ဖြစ်နေကြောင်း  ဆိပ်ဖြူကုန်စည်ဒိုင်မှ သိရှိရသည်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)