Main menu

Background

ကမ္ဘာ့ရွှေ အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေသော်လည်း မြန်မာ့ရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခြင်းမရှိ

Fri, 07/03/2020 - 13:44 -- journal_editor

ကမ္ဘာ့ရွှေမှာခုနစ်နှစ်တာကာလအတွင်း   အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ့ရွှေမှာ ယခုအချိန်ထိ  လိုက်ပါမြင့်တက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ လက်ရှိ  ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၂၀ဝ၀ဝ ၊ ၁၅ ပဲရည် ရွှေဈေးမှာ ၁၁၄၈၀ဝ၀ ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၀ အထိ စံချိန်တင်   မြင့်တက်လျက်ရှိ ကြောင်း အဆိုပါအသင်း အထွေထွေ အတွင်း    ရေ'မှူး ဦးအုန်းမြိုင်က ဇွန် ၂၅ရက်တွင် ပြောသည်။

"အခုလို ကမ္ဘာ့ရွှေဈေး မြင့်တက်နေပေမယ့်လည်း ပြည်တွင်းရွှေဈေး လိုက်ပါ မြင့်တက်နိုင်မှု မရှိခြင်းဟာ ကိုဗစ်-၁၉ ကြောင့် ပြည်တွင်းနဲ့  နိုင်ငံတကာအဆက် အသွယ် ပြတ်တောက်နေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ခုချိန်မှာ  အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းတွေလည်း ကျဆင်းနေတဲ့အတွက်ကြောင့် ရော  ပြည်တွင်းမှာ ဝယ်လိုအားထက် ရောင်းလိုအားက များနေတဲ့အတွက်ကြောင့်ရော ရွှေဈေးက တက်သင့်ပေမယ့် မတက်နိုင်ဘူးဖြစ်နေတယ်"ဟု ၎င်းက  သုံးသပ်ပြော ကြား သည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် နှစ်စမှစ၍ ပြည်တွင်း ရွှေဈေးမှာ  ကမ္ဘာ့ရွှေဈေးမြင့် တက်မှုနှင့်အတူ တစ်ဆင့်ပြီး တစ်ဆင့် မြင့်တက်ခဲ့ရာ ဇန်နဝါရီ ၁၇ ရက်မှ ဖေဖော် ဝါရီ ၂၁ ရက်အတွင်း ကျပ် ၁၀ သိန်းကျော်၊ ဇွန် ၂၂ ရက် မှ သြဂုတ် ၅  ရက်အတွင်း ၁၁ သိန်းကျော်၊   သြဂုတ် ၇ ရက်မှ စက်တင်ဘာ ၄ ရက်အတွင်း ၁၂ သိန်း ကျော်အထိ စံချိန်သစ်များ အသီးသီး ဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင်မူ ယခင်ချိုးထားသည့် စံချိန်များထက်ကျော်လွန်၍   ကျပ် ၁၃ သိန်းကျော်အထိ ရောက်ရှိခဲ့သဖြင့် သမိုင်း တစ်လျှောက် အမြင့်ဆုံးစံချိန် ဖြစ်ခဲ့ပြီး ယင်းအချိန်က ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၅၅၀ ကျော်အထိသာ ရှိခဲ့သည်။  

 

ပန်းဆု