Main menu

Background

နိုင်ငံတော်က ဖြေလျှော့ပေးသည့်အခွန်အခများ ဇန်နဝါရီလကုန်ထိ တိုးမြှင့်

Mon, 01/25/2021 - 10:51 -- journal_editor

Coronavirus Disease 2019 (COVID-19) ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏   ညွှန်ကြားချက်နှင့်အညီ နိုင်ငံတော်က  ဖြေလျှော့ပေးထားသည့် အခွန်အခများကို စီမံကိန်း၊  ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား၊  အလတ်စား စီးပွားရေးလုပ်ငန်းများ ၏၂၀၁၉-၂၀၂၀ဘဏ္ဍာရေး နှစ်နှင့်  ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များနှင့် ပက်သက်၍ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း မတ် ၃၁ ရက်တွင်  ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက် လည်းကောင်း၊ ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက် လည်း ကောင်း၊ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးမည့် စတုတ္ထသုံးလပတ် အတွက်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ကုန်ဆုံးမည့် ပထမသုံးလ ပတ်အတွက်လည်းကောင်း  သုံးလတစ် ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပေးဆောင် နိုင်မည်ဖြစ်‌ကြောင်း  သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း မတ်လ ၃၁ ရက်တွင် ကုန်ဆုံး မည့်လအတွက်အပြင် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဒီဇင်ဘာလ ၃၁ ရက်တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို ဇန်နဝါရီ ၃၁ ရက် အထိ ပေးဆောင်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့် ပြုချက်ဖြင့်ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့်   ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကင်းလွတ်ခွင့်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။    

 

ပန်းဆု