Main menu

Background

ကန်ထရိုက်မှတ်ပုံတင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း ၁၃၇၀ ကျော်အား ဝက်ဘ်ဆိုက်တွင် တိုက်ဆိုင်စစ်ဆေးနိုင်

Tue, 02/23/2021 - 11:29 -- journal_editor

ကန်ထရိုက်မှတ်ပုံတင်လက်မှတ် ရရှိပြီးသည့် ကုမ္ပဏီစာရင်းအား သိရှိနိုင်စေရန်၊ အတုအပ  မပြု လုပ်နိုင်စေရန် အတွက် တိုက်ဆိုင်စစ်ဆေးနိုင်ရန်နှင့် သက်တမ်းကုန်ဆုံးနေသော  ကုမ္ပဏီများ သိရှိနိုင်ရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် ကန်ထရိုက်မှတ်ပုံတင်ထားသည့် ဆောက် လုပ်ရေးကုမ္ပဏီ ၁၃၇၀ ကျော်အား ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်ပေ့ဂျ်နှင့်  ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေ းဝန်ကြီးဌာန ကုမ္ပဏီများ ကန်ထရိုက် မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
ဆောက် လုပ်ရေးဝန်ကြီးဌာနတွင် ကန်ထရိုက် မှတ်ပုံတင်ထားသည့် အရည်အသွေး ထိန်းသိမ်းရေး ကုမ္ပဏီ (Quality Control) ၂၅ ခု၊ အင်ဂျင်နီယာပညာ ရပ်ဆိုင်ရာ အကြံပေးသောကုမ္ပဏီ (Engineering Consultant) ရှစ်ခု၊  အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီ (Service) ၁၅ ခု၊ တည်ဆောက်ရေးကုမ္ပဏီ(Construction) ၁၂၉၀ ခုနှင့် အဓိကတည်ဆောက်ရေးပစ္စည်း ပေးသွင်းသည့် ကုမ္ပဏီ (Trading) ၃၄ ခု စုစုပေါင်း ကန်ထရိုက် မှတ်ပုံတင်ကုမ္ပဏီ ၁၃၇၂ ခု၏ စာရင်းအား စစ်ဆေးနိုင်မည် ဖြစ်သည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကန်ထရိုက်မှတ်ပုံ တင်ထားသော ကုမဏီများဖြစ်သည့် အရည်အသွေး စစ်ဆေး ရေးကုမ္ပဏီ ၁၄ ခု၊ အင်ဂျင်နီယာ  ပညာရပ် ဆိုင်ရာ အကြံÓဏ်ပေးသည့်ကုမ္ပဏီ၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီ ရှစ်ခု၊ တည်ဆောက်ရေးကုမ္ပဏီ ၁၁၃၃ ခုနှင့် အဓိကတည် ဆောက်ရေးပစ္စည်း ပေးသွင်း သည့် ကုမ္ပဏီ ၂၆ ခု စုစု ပေါင်း ၁၁၈၅ ခုအား ကုမ္ပဏီလုပ်ငန်းနယ်ပယ်၊ ကန်ထရိုက်မှတ်ပုံတင်နံပါတ်များ ထုတ်ပေးထားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည် ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ် ငန်းများကို ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုသည့် ကုမ္ပဏီများအား အသိအမှတ် ပြုလက်မှတ်များအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်ကာ လေးနှစ်တာ ကာလအတွင်း ကုမ္ပဏီပေါင်း ၁၃၇၀ ကျော်ထိ ထုတ် ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ နှင့် တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရအဖွဲ့များ၏ လုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့်  ဆောင်ရွက်လို သည့် ကုမ္ပဏီများအား ကန်ထရိုက်မှတ်ပုံတင်နိုင်ရေး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက  စတင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

 

ပန်းဆု