Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးဆက်လက်ကျဆင်း

Thu, 08/11/2016 - 13:36 -- journal_editor

ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီ ဈေး  ဆက်လက်ကျဆင်းနေကြောင်း သိရပါတယ်။ မတ်ပဲ အနေနဲ့ ယခင်တစ်ပတ်ကFAQတစ်တန်ကို ကျပ် ၁၆၅၀၀၀၀SQ တစ် တန်ကို ကျပ် ၁၆၇၀၀၀၀ ရှိခဲ့ပြီး ယ ခုတစ် ပတ်မှာတော့ မတ်ပဲ FAQ  တစ်တန်ကို   ကျပ် ၁၆၄၂၀၀၀ SQ တစ်တန်ကိုကျပ် ၁၆၆၂၀၀၀ နဲ့ဈေးဆက်လက်ကျဆင်းခဲ့ကြောင်း သိရပါတယ်။ အလားတူပဲစင်းငုံFAQ ကလည်း ယခင်တစ် ပတ်မှာ တစ်တန် ကို  ကျပ် ၁၃၁၃၀၀၀ ရှိခဲ့ရာက ယခုတစ်ပတ်မှာ ကျပ် ၁၃၀၀၀၀၀ ဖြစ်ခဲ့တဲ့အတွက် ဈေးနှုန်းဆက်လက်ကျဆင်းနေကြောင်း သိရပါ တယ်။

 

ဇော်ဝင်း