Main menu

Background

Marvel Fan များတွက် Marval ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်၌ ဖြန့်ချိ သွားမည်

Thu, 07/25/2019 - 14:41 -- journal_editor

    Marvel Fan များအတွက် Merval ထုတ်ကုန်များကို ပြည်တွင်း ဈေးကွက်၌ ဖြန့်ချိသွား မည်ဖြစ်ကြောင်း Miniso မှ သိရသည်။ အဆိုပါ ထုတ်ကုန်များကို ပြည်တွင်း ၌ နာမည်ရရှိလာသည့် Miniso Brand နှင့် Marvel Brand တို့ Fashion Accessories, Life Departments, IT Accessories များ စသည့် ပစ္စည်းအမျိုးအစား သုံးထောင်ကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အခုလက်ရှိမှာကတော့ ထုတ်ကုန် ၃၀ဝဝ ကျော်ကို ထုတ် လုပ်ထားပေမယ့် နောက်ပိုင်းလည်း ထပ်ထုတ်သွားမှာပါ။ ဈေးနှုန်းတွေကိုလည်း ကျပ် ၂၅၀ဝ ကနေ  ကျပ် ၆၀ဝဝဝအထိ ပစ္စည်းအမျိုးအစားအစုံကို ရွေးချယ်နိုင်မှာပါ။ အခုမိတ်ဆက်တဲ့ ထုတ်ကုန်တွေ အကုန်လုံးက Made in China Factory ပါဟု  miniso ၏ Country Manager Mr. Devin Miao က ပြော သည်။ အဆိုပါ Marvel ထုတ်ကုန်များ ကို ဇူလိုင် ၁၈ ရက် တွင် ရန်ကုန်မြို့ရှိ ဂျန်းရှင်းစီးတီး miniso  ဆိုင်ခွဲတွင် စတင် ဖြန့်ချိခဲ့ပြီး ဩဂုတ်လထဲ တွင် နေပြည်တော်နှင့် မန္တလေးမြို့များ၌ပါ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

     ‘ပြည်တွင်းကလူတွေ သုံးစွဲတဲ့ ပစ္စည်းတွေထဲမှာ Marvel နဲ့ ပူးပေါင်းပြီး ထုတ်ထားတဲ့ ထုတ်ကုန်တွေကို သုံးစေချင်တဲ့အတွက် ဒီလိုပူးပေါင်းဖြစ်တာပါ။ တခြားနိုင် ငံတွေမှာလည်း ဖြန့်နေပါပြီ။ စစချင်းမှာ Miniso Marvel Product ဆိုပြီး ပူးပေါင်းဖို့အတွက်  Miniso ကို Marvel က သိအောင် အချိန်ယူလုပ်ခဲ့ရပါတယ်။ နောက် ဆုံးမှာ ခွင့်ပြုချက်ရမှ Miniso FAMA Certificate ပေးအပ်ခဲ့ပြီး Miniso Marvel Product ကို ပူးပေါင်းထုတ်လုပ်နိုင်ခဲ့တာ ပါ' ဟု Miniso မှ မန်နေဂျင်း ဒါရိုက်တာ ဦးမြသန်းဇော်က ပြောသည်။

 

ချောစု