Main menu

Background

ယခုတစ်ပတ်မြေသြဇာတန်ချိန် ၄၀ဝ၀ဝ ကျော်ဝင်

Fri, 10/09/2020 - 11:37 -- journal_editor

စက်တင်ဘာ ၂၇ မှ အောက်တိုဘာ ၃ ရက်သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၀၉၉၀၁၈၂ တန်ဖိုးရှိမြေသြဇာ ၄၀၅၄၂ ဒသမ ၇၂၉ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဘီလာရုစ် နိုင်ငံမှ ၁၀၁၇ ဒသမ ၅၀ တန်၊ ကနေဒါမှတန်ချိန် ၅၀ဝ၊ တရုတ်နိုင်ငံမှ ၂၈၄၈ ဒသမ ၃၈ တန်၊ အီဂျစ်နိုင်ငံမှ ၂၁၀၁ ဒသမ ၇၆ တန်၊ ဂျာမနီနိုင်ငံမှ ၁၀၈၀ တန်၊  ဂျပန်နိုင်ငံမှ ၅၁တန်၊ မလေးရှားနိုင်ငံမှ ၁၆၁၇ တန်၊ နော်ဝေနိုင်ငံမှ ၄၀၇ ဒသမ ၆တန်၊ အိုမန်နိုင်ငံမှ ၂၉၁၃၁ ဒသမ ၉၈၉ တန်၊ ထိုင်းနိုင်ငံမှ ၂၈၇ ဒသမ ၅ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၁၀ဝ၀ နှင့် ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅၀ဝ တင်သွင်းခဲ့ကြောင်း သိရသည်။

တင်သွင်းခဲ့သည့်အမျိုးအစားများမှာ ပိုတက်၊ ဖော့စပိတ်၊ ကွန်ပေါင်း(၄၆%)၊ ကွန်ပေါင်း (၁၅:၁၅:၁၅)(ရွှေအား)၊ ကွန်ပေါင်း(၁၆:၁၆:၈)၊ ကွန်ပေါင်း(Yellow Colour)၊ အော်ဂဲနစ် (စူမိုကြီး)၊ ယူရီးယား(၄၆%)(ဖြိုးမောက်)၊ ယူရီးယား (ဂိုးလ်ဖလားဝါး)၊ ကွန်ပေါင်း (၁၂:၁၁:၁၈)၊ ယူရီးယား(ဂရိတ်သားသမ်)တို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာ တန်ချိန် ၂၀၈၃၀ ကျော်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန် ချိန် ၁၉၇၀ဝ ကျော်ပိုမို တင်သွင်းခဲ့ကြောင်း သိရသည်။                                    

သီတာဝင်း (DOT)