Main menu

Background

ပင်လယ်ရေကြောင်းမှဘိလပ်မြေတန်ချိန် ၃၅၀ ကျော်ဝင်

Fri, 10/09/2020 - 12:06 -- journal_editor

စက်တင်ဘာ၂၇ရက်မှအောက်တိုဘာ၃ရက်သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၆၆၁၁၀ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၂ ဒသမ ၅၀ တန်ကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ၂၇ တန်၊ ပြင်သစ်နိုင်ငံမှ သုညဒသမ ၅၀ တန်နှင့် ထိုင်းနိုင်ငံမှ ၃၂၅ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၈၄၀ တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင်တန်ချိန် ၄၈၀ ကျော်တင် သွင်းမှု လျော့နည်းခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၂၆ ရက်မှ အောက်တိုဘာ ၂ ရက်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၁၂၀၉၀ တန်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေ အဝင်မှာ ၁၂၅ တန်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်တွင်တန်ချိန် ၁၁၉၆၀ ကျော်အဝင်ပိုခဲ့ သည်။ ထို့ကြောင့် ယခုတစ်ပတ် ပင်လယ် ရေကြောင်းမှ အဝင်လျော့ခဲ့ပြီး နယ်စပ်လမ်းမှ အဝင်ပိုခဲ့သည်။

သီတာဝင်း (DOT)