Main menu

Background

ယခုတစ်ပတ်နို့ဆီတန်ချိန် ၃၆၀ ကျော်နှင့်နို့မှုန့်တန်ချိန် ၁၇၀ ကျော်တင်သွင်း

Fri, 10/09/2020 - 12:17 -- journal_editor

စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄၁၅၃၄၄ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၃၆၁ ဒသမ ၈၇၂ တန်ကိုပင်လယ်ရေကြောင်း လမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်စင်ကာပူနိုင်ငံမှ ၂၆၂ ဒသမ ၆၅၆ တန်နှင့် မလေးရှားနိုင်ငံမှ ၉၉ ဒသမ ၂၁၆ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။ တင်သွင်းခဲ့သည့် တံဆိပ်များမှာ အိုကေနှင့် Hawk  တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ၂၅၅ တန်ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ ၂၂၃၇၂၈ ဒေါ်လာတန်ဖိုးရှိ နို့မှုန့် ၁၇၅ ဒသမ ၆၀ တန်ကိုလည်း တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဂျာမနီနိုင်ငံမှ တန်ချိန် ၁၅၀နှင့် နယူးဇီလန်နိုင်ငံမှ ၂၅ ဒသမ ၆၀ တန်တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့မှုန့်၇၅ ဒသမ ၆၀တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၀ဝ ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

သီတာဝင်း (DOT)