Main menu

Background

ယခုတစ်ပတ် ဒီဇယ်တစ်မျိုးသာအဝင်ရှိ

Fri, 10/09/2020 - 12:24 -- journal_editor

စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၀၉၆၈၆၇ တန်ဖိုးရှိ ဒီဇယ် ၄၈၂၉၀ ဒသမ ၈၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ဓာတ်ဆီအဝင်မရှိဘဲ ဒီဇယ်တစ်မျိုးတည်းသာအဝင်ရှိခဲ့ ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဒီဇယ် ၅၀၄၄၆ ဒသမ ၇၉ တန်တင်သွင်း ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၁၅၅ ဒသမ ၉၃ တန်တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းဖြစ်သည့် မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၄၃၈၀ဝ ဒေါ်လာ တန်ဖိုးရှိ ဒီဇယ် ၂၁၉၁ ဒသမ ၆၇ တန်နှင့် အမေရိကန်ဒေါ်လာ  ၂၁၂၁၀ဝ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၆၃၉ ဒသမ ၄၃ တန်နှင့် တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၇၈၂၆၅ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၇၅၀ ဒသမ ၆၁ တန်နှင့် အမေရိကန်ဒေါ်လာ ၈၉၁၄၇ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၅၇၁ ဒသမ ဝ၈ တန် တင်သွင်းခဲ့ကြောင်းသိရသည်။

သီတာဝင်း (DOT)