Main menu

Background

ဆန်ပြည်တွင်းဈေးနှုန်းနှင့်ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်တင်ပြခြင်း

Tue, 05/23/2023 - 12:12 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်  မေ ၁၅ ရက်တွင် Thai Rice Exporter association Website  ၌ ဖော်ပြချက်အရ  ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ  ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၄၇ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၁၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၀ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၁၅ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန် လျှင်  အမေရိကန်ဒေါ်လာ ၄၉၈ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၄ ဒေါ်လာဖြင့် လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၂ ဒေါ်လာ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၇ ဒေါ်လာ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၂ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter association Website တွင် ဖော်ပြချက် အရ  ယခုတစ်ပတ်တွင်  ထိုင်းနိုင်ငံ၌ (၁၀ဝ %) ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများမှာ မြင့်တက်ခဲ့ပြီး ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းများ တည်ငြိမ် လျက်ရှိသည်ကို  သိရှိရသည်။ 
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အိမ်နီးချင်းနိုင်ငံများ ၏ ဝယ်လိုအားများလာသောကြောင့် ယခုတစ်ပတ်တွင် ဗီယက်နမ် ဆန်နှင့် ထိုင်းဆန်ဈေးနှုန်းများသည် ဈေးနှုန်းမြင့်မားလာကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံတွင် အရောင်းအဝယ် စာချုပ်များ အတိုင်း ဖြည့်ဆည်းတင်ပို့ရန် ဆန်များ အဝယ်သွက်နေခြင်းကြောင့် ယခုတစ်ပတ်အတွင်း ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ် သည်။ ထိုင်းနိုင်ငံတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ ဆန် အဝယ်များ လာခြင်းကြောင့် ထိုင်းဆန်ဈေးနှုန်း မြင့်မားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ 
ပြည်တွင်းဆန်ဈေးကွက်  သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့ မှ ဆန်တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ မှ  ၈၈၀ဝ၀ ကြားနှင့် ရွှေဘို ပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်  ရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ် လျှင် ကျပ် ၅၄၀ဝ၀ မှ ၅၅၀ဝ၀ ကြား  ပေါက်ဈေးရှိကာ ဧည့်မထ ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၅၇၀ဝ၀ မှ ၅၈၀ဝ၀ ကြား ပေါက် ဈေးရှိနေပြီး  ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ  ၁ ရက် မှ မေ ၁၂ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၆၈၇၃၂ ဒသမ ၅၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၈၈၇ သန်း၊ ဆန်ကွဲ တန် ချိန် ၆၈၅၄၄ ဒသမ ၂၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၂၄၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၃၇၂၇၆ ဒသမ ၇၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၈ ဒသမ ၁၂၈ သန်းရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၉၆၁၁၃ ဒသမ ၉၀ဝ တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ ၆၈ ဒသမ ၃၇၁ သန်း၊ ဆန်ကွဲ တန်ချိန် ၁၂၇၃၃၀ ဒသမ ၂၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၉၉၂ သန်း၊ စုစုပေါင်း ဆန် နှင့်ဆန်ကွဲ  တင်ပို့နိုင်မှု တန်ချိန် ၃၂၃၄၄၄ ဒသမ ၁၅၀ တန်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁၀၈ ဒသမ ၃၆၃ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်  ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၇၃၈၁ ဒသမ ၄၀ဝ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၄၈၄ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၅၈၇၈၆ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၅၁ သန်း လျော့နည်း တင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ မေ  ၁၈ ရက်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန် တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်း တစ်ယွမ်လျှင် ၄၁၇ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၆၄၆၃၅ ကျပ်မှ ၆၆၇၂၀ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် မေ ၁၈ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေ ဖြင့် တစ်ဘတ်လျှင် ၈၅ ကျပ်နှုန်း  ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထ ဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန်  တစ်ပြည်လျှင်  ဟားခါးမြို့တွင် ကျပ် ၄၃၅၀ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မန္တလေးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၅၀ဝ ကျပ်ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရသည်။
ွှမေိငညါ နခသညသာငချ ျွှနဘျငအန တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၄ ဒသမ ၃၁ ရာခိုင်နှုန်း ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ်၊ မေလ တတိယပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ  အတက်/အကျ ပြောင်းလဲမှုများ  ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်း လဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။