Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၇၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 07/03/2023 - 12:27 -- journal_editor

ဇွန် ၁၅ ရက်မှ ၂၈ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၇၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၇၉၇၄၆ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၇၂ ဒသမ ၂၆ သန်း ရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar  Investment (FMI) က အစုရှယ်ယာ ၃၀၆၃ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၂၄ ဒသမ ၃၄ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH)က အစုရှယ်ယာ ၁၃၆၂၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၉ ဒသမ ၃၅ သန်း ရရှိခဲ့ကြောင်း သိရ သည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၁၂၀၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈ ဒသမ ၆၇ သန်း၊ ပထမ ပုဂ္ဂလိကဘဏ် ( FPB ) က အစုရှယ်ယာ ၅၆၇၅၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၈၄ ဒသမ ၄၅ သန်း ရရှိခဲ့ သည်။ ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၁၃၂၈ ရောင်းချ နိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၂၁ သန်း၊  Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၅၆၄ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၃၈ သန်း၊ Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၁၂၁၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ၈၄ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့သည်။        

      ပန်းဆု