Main menu

Background

မြစ်ကြီးနား နာနတ်သီး လှိုင်လှိုင်ပေါ်

Mon, 08/14/2023 - 12:02 -- journal_editor

နာနတ်သီးဟုဆိုလျှင် ဧရာတီတိုင်းဒေသကြီး ဟင်္သာတနယ်မှ ထုံးကြီး နာနတ်သီး၊ ပဲခူးတိုင်းဒေသကြီး ကဝနယ်မှ ထူးကြီး နာနတ်သီးနှင့် ကချင် ပြည်နယ် မြစ်ကြီးနားနာနတ်သီး နာမည်ကျော်ကြားပါသည်။ မြစ်ကြီးနား နာနတ်သီးသည် မျက်ကွင်းတိမ်၍ အနံ့အရသာ အထူးကောင်းမွန်သော ကြောင့် ဈေးကွက်အတွင်း ကြိုက်နှစ်သက်၍ ဝယ်ယူစားသုံးကြသည်။ 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း မန်ခိန်၊ ရွှေစက်၊ ပလန၊ မိုင်းနားဒေသများတွင် နာနတ်သီးကို စီးပွားဖြစ် စိုက်ခင်းများဖြင့် အဓိက ထား စိုက်ပျိုးကြပြီး မိုးနာနတ်သီးနှင့် ဆောင်းနာနတ်သီးများ နှစ်ကြိမ်ထွက် ရှိသည်။ မြစ်ကြီးနားမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စိုက်ဧက ၃၀ဝကျော် စိုက်ပျိုးခဲ့ပြီး မိုးနာနတ်သီးများကို မြစ်ကြီးနားမြို့  သစ်သီး အရောင်းဆိုင်များ၊ နာနတ်ယို၊ ဖျော်ရည်လုပ်ငန်းများမှ ဝယ်ယူသည့်အပြင် မန္တလေးဒေသသို့လည်း တင်ပို့နေကြောင်းသိရသည်။  ဇွန်လ နောက်ဆုံး အပတ်တွင် စတင်ထွက်ရှိသည့် နာနတ်သီးတစ်လုံးလျှင် ကျပ် ၁၅၀ဝ မှ ၁၈၀ဝ ကျပ်ထိရှိခဲ့ပြီး ဇူလိုင်လ တတိယပတ်တွင် နာနတ်သီး လှိုင်လှိုင်ပေါ် ချိန်တွင် တစ်လုံးလျှင် ကျပ် ၁၀ဝ၀မှ ၁၅၀ဝထိ အရောင်းအဝယ် ဖြစ်ခဲ့သည်။ 
နာနတ်စိုက်ပျိုးသည့် လုပ်ငန်းရှင်တစ်ဦးက ယခင်နှစ် မိုးနာနတ်သီး ဈေးနှုန်းထက် ယခုနှစ် နာနတ်သီးတစ်လုံးကို ၂၀ဝကျပ်မှ ၃၀ဝကျပ်ထိ ပိုမိုရရှိသောကြောင့် အကျိုးအမြတ်များကြောင်းနှင့် လိမ္မော်ခြံ၊ ရော်ဘာခြံ များတွင်   သီးညှပ်သီးနှံအဖြစ် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရ သည်။                                                            

 

   ယျာမျိုး (ကချင်မြေ)