Main menu

Background

ရန်ကုန်ဆိပ်ကမ်းများ၌ ခုနစ်လတာအတွင်း နိုင်ငံတကာသင်္ဘောလိုင်းများမှ သင်္ဘောအစင်းရေ ၃၉၀ ဝင်ရောက်ခဲ့

Thu, 08/31/2023 - 10:43 -- journal_editor

ယခု ၂၀၂၃ ခုနှစ်  ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ ခုနစ်လတာအတွင်း  ရန်ကုန်ဆိပ်ကမ်း များသို့ နိုင်ငံတကာ  သင်္ဘောလိုင်းများမှ ကုန် သေတ္တာတင် သင်္ဘောအစင်းရေ ၃၉၀ ဝင်ရောက် ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ  သိရ သည်။         
ဇန်နဝါရီလတွင် ကုန်သေတ္တာတင်သင်္ဘော အစင်း ၆၀၊ ဖေဖော်ဝါရီလတွင် ၅၅ စင်း၊ မတ်လ တွင် ၅၉ စင်း  ၊ ဧပြီလတွင် ၄၇ စင်း၊   မေလတွင် အစင်း ၆၀၊ ဇွန်လတွင် ၅၉ စင်းနှင့် ဇူလိုင်လတွင် အစင်း ၅၀ ဝင်ရောက်ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ယခု သြဂုတ်လအတွင်း၌လည်း အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်  သင်္ဘော လိုင်း ၁၅ လိုင်းမှ  ကုန်သေတ္တာတင် သင်္ဘော ၅၄ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလုပ်ငန်း များကို   ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်း ကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး   ရန်ကုန်အပြည် ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်  သင်္ဘောများ     လစဉ်ပုံမှန် ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာသင်္ဘောလိုင်းများ၏  ကုန် သေတ္တာတင်သင်္ဘော ၆၄၇ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပြည်တွင်း လိုအပ်ချက်အရ  သွင်းကုန်များ တိုးမြှင့် တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘော လိုင်းအသီးသီးမှ ခရီးစဉ်များကိုလည်း ပြန်လည် တိုးချဲ့ပြေးဆွဲနိုင်ရန်    ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည် ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ  ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတား ၂၇ စင်း၊   ရန်ကုန်သီလဝါ ဆိပ်ကမ်း ဧရိယာတွင် ဆိပ်ခံတံတား ၁၉ စင်း၊ စုစုပေါင်း ၄၆ စင်းနှင့်   ဝန်ဆောင်မှုပေးလျက်ရှိကြောင်း    သိရ သည်။

ပန်းဆု