မြန်မာ့ပျားရည်ကို လက်ရှိတွင် ဖောက်သည် ဈေးကွက်နိုင်ငံများမှ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၅၀ဝ မှ ၃၀ဝ၀ အထိ ဈေးကောင်းပေး ဝယ်နေသည့်အတွက် ပျားမွေးမြူရေးလုပ်ငန်း ၁၃၀ ကျော် တိုးပွားလာကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနက သိရ သည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်များ သည် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါနှင့် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဈေးကွက် နေရာများရရှိထားခြင်းဖြစ်ပြီး တစ်နှစ်လျှင်တန်ချိန် ၃၀ဝ၀ အထိ တင်ပို့ရောင်းချနေရခြင်းဖြစ်သည်။
ပြည်တွင်း၌ ပုဂ္ဂလိက ပျားမွေးမြူရေး လုပ်ငန်းတိုးချဲ့လုပ်ကိုင်လာသည်မှာ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ထက် ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လုပ်ငန်းပေါင်း ၁၃၀ ကျော် တိုး လာပြီး စုစုပေါင်းလုပ်ငန်း ၉၅၀ ကျော်အထိ ရှိလာ ပြီဖြစ်ကြောင်း သိရသည်။
ပျားလုပ်ငန်းဌာနအနေဖြင့် လက်ရှိတွင် ပြည်တွင်းရှိ မြို့နယ် ၃၁ မြို့နယ်၌ အစိုးရပိုင် ပျား မွေးမြူရေးစခန်း ၃၁ ခုကို ဖွင့်လှစ်ထားပြီး ပျားမွေး မြူရေးလုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ပျားမွေးမြူရေးလုပ်ငန်းများမှ နှမ်း ပျားရည်၊ ဆီးပျားရည်၊ ရော်ဘာပျားရည်နှင့် လိုက် ချီးပျားရည် စသည့် ပျားရည်အမျိုးအစားများကို ထုတ်လုပ်နေခြင်းဖြစ်ပြီး ပြည်ပသို့လည်း တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း နည်း ပညာများနှင့် ပျားဘုရင်မ မျိုးကောင်းမျိုးသန့်များ ကို ပံ့ပိုးကူညီပေးလျက်ရှိနေသောကြောင့် ပျား မွေးမြူရေးလုပ်ငန်းကို မှတ်ပုံတင်လုပ်ကိုင်သူ များပြားလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဌာနအနေဖြင့် ပျားဘုရင်မများကို မျိုးမြှင့်တင်ဆောင်ရွက်ရန်၊ ပြည်ပမှ ပျားဘုရင်မ မျိုးကောင်းမျိုးသန့်များ ဝယ်ယူတင်သွင်းရန်တို့ကို လည်း စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
ပန်းဆု