Main menu

Background

ရွှေရည်ညွှန်းဈေး ကျပ် ၃၁၀၄၀ဝ၀ ရှိ

Tue, 11/07/2023 - 11:39 -- journal_editor

ပြည်တွင်း ရွှေရည်ညွှန်းဈေးမှာ  နိုဝင်ဘာ ၂ ရက်  ပေါက်ဈေးအရ ကျပ် ၃၁၀၄၀ဝ၀ ရှိပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စ ၁၉၈၅ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ သိရသည်။
တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် အောက် တိုဘာ ၂၇ ရက်နှင့် ၃၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၁၀၇၁၀ဝ၊ နိုဝင်ဘာ ၁ ရက်တွင်  ကျပ် ၃၀၉၁၅၀ဝ ၊ ၂ ရက်တွင် ကျပ် ၃၁၀၄၀ဝ၀ ဖြစ်ကြောင်း သိရသည်။ ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ တစ်အောင်စလျှင် အောက်တိုဘာ ၂၇ ရက်နှင့် ၃၁ ရက်တွင် ၁၉၈၇ ဒေါ်လာ၊ နိုဝင် ဘာ ၁ ရက်တွင် ၁၉၇၇ ဒေါ်လာ၊ နိုဝင်ဘာ ၂ ရက်တွင် ၁၉၈၅ ဒေါ်လာဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လအထိ ရွှေဈေးနှုန်း မြင့်တက်ခဲ့ပြီးနောက် စက်တင် ဘာလမှစတင်ကာ အကျဘက်သို့ ဦးတည်လာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း သိရသည်။   
သီတင်းကျွတ်ကာလအပြီး ရွှေအရောင်းအဝယ်ပြန်ဖြစ်ရန်    မျှော်လင့်ထား သော်လည်း လက်တွေ့တွင် ဈေးကွက်အတွင်း အရောင်းအဝယ် ဆက်လက်အေး နေဆဲဖြစ်ပြီး  အချို့သောဆိုင်များ၌  လာရောက်ရောင်းချသူများသာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။                

 

ပန်းဆု