Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 11/07/2023 - 11:50 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက နိုဝင်ဘာ ၁ရက်တွင် Thai Rice Exporters Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန်ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၆၇ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၈၇ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀ဝ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၆ ဖြင့် လည်းကောင်း၊ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၀ ဖြင့် လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃ ဖြင့်လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကိုလေ့လာသိရသည်။ ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် ဗီယက်နမ် ဆန်ဈေးနှုန်းသည် ၎င်းတို့ ပြည်တွင်းဈေးကွက်တွင် ဆန်အဝင် ပုံမှန်ရှိသော်လည်း အင်ဒိုနီးရှားနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် ပို့ကုန်ဆန်ဈေးနှုန်း မြင့်တက်လာကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းဒေသတွင် စစ်မက်ဖြစ်ပွားသည့်အပေါ် စိုးရိမ်မှုများကြောင့် စားနပ်ရိက္ခာသိုလှောင်မှု
မြှင့်တင်လာနိုင်သည်ဟု ဟိုချီမင်းမြို့မှ ဆန်ကုန်သည်တစ်ဦး၏ပြောကြားချက်အရ သိရသည်။ ယခုတစ်ပတ်တွင် ၅ ရာခိုင်နှုန်းဆန်ကွဲပါ ထိုင်းဆန်ဈေးနှုန်းမှာ အနည်းငယ် ကျဆင်းနေပြီး အင်ဒိုနီးရှားနိုင်ငံမှ ထိုင်းဆန်ကို ဝယ်ယူလျက်ရှိကာ ခရစ်စမတ်မတိုင်ခင်အပြီးအပြတ် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ပြည်တွင်းဆန်ဈေးကွက် သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှဆန်တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ မှ ၁၀ဝ၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ မှ၁၂၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅မှတ်တန် ဆန်(သစ်)တစ်အိတ်လျှင် ကျပ် ၅၈၀ဝ၀ မှ ၆၀ဝ၀ဝ ကြားပေါက် ဈေးရှိကာ ဧည့်မထ ရိုးရိုးဆန်(ဟောင်း) တစ်အိတ်လျှင်ကျပ် ၆၆၀ဝ၀ မှ ၆၉၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင်ဆန်ကြမ်း(ဟောင်း)ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင်၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန်တစ်အိတ်လျှင် ၂၁၀ ယွမ် ရှိပြီး (ပြင်ပငွေလဲနှုန်း၁ ယွမ်လျှင် ၄၃၅ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင်၉၀ဝ၀ဝ ကျပ်ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် နိုဝင်ဘာ ၁ ရက်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့်တစ်ဘတ်လျှင် ကျပ် ၉၀ နှုန်းပေါက်ဈေးရှိကြောင်း သိရှိရ သည်။တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါကဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၇၀ဝ၀ ဖြင့်အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့တွင် ဧည့်မထဆန်တစ်ပြည်လျှင် ကျပ် ၂၈၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
Thai Rice Exporters Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ကမ္ဘာ့ဆန် ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၇၈ ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရပြီး နိုဝင်ဘာလဆန်းပိုင်းတွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများအတက်၊ အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်းဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေ‌ကြောင်းသိရသည်။ 

 

P&S