Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Tue, 11/07/2023 - 11:54 -- journal_editor

ကမ္ဘာ့လောင်စာဆီဈေးကွက် အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် အောက်တိုဘာ  ၃၀ ရက် Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၄  နိုင်ငံအနက် ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၆ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး Fiji နိုင်ငံတွင် ၄ ဒသမ ၃၀ ရာခိုင်နှုန်း၊ နယူးဇီလန် နိုင်ငံတွင် ၃ ရာခိုင်နှုန်းနှင့် ဒိန်းမတ်နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား ၊ စင်ကာပူ၊ ဟောင် ကောင်၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ဘီနင်း၊ ဘူလ်တန်၊ ဂရိ၊ မက္ကဆီကို၊ မိုနာကိုနှင့် ဆူဒန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၁ နိုင်ငံတွင်  ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်း မရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။
ဓာတ်ဆီဈေးနှုန်း  ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ တူရကီ(တူကီယေး)၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ဂျာမနီ၊ စပိန်၊ နော်ဝေနှင့် ဂျော်ဒန် အပါအဝင် နိုင်ငံပေါင်း  ၃၇  နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၃၀ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။
ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် လျှင် ဗီယက်နမ်နိုင်ငံတွင် ၂ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ထိုင်း နိုင်ငံတွင် သုည ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ၆ ဒသမ ၆၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းကျဆင်း ခဲ့ကာ ကျန်အာဆီယံနိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည် ငြိမ်နေကြောင်း လေ့လာသိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၄  နိုင်ငံအနက် ဥဇဘက်ကစ္စတန်နိုင်ငံသည် ယခုတစ်ပတ်တွင် ၉ ဒသမ ၈၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Fiji  နိုင်ငံတွင် ၇ ဒသမ ၁၀ ရာခိုင်နှုန်း၊ Curacao နိုင်ငံတွင် ၇ ရာခိုင်နှုန်းနှင့် မိုရိုကို နိုင်ငံတွင် ၂ ဒသမ ၉၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့် တက်ခဲ့သည့် နိုင်ငံပေါင်း  ၁၃  နိုင်ငံရှိကြောင်း သိရပြီး ယခုတစ်ပတ် အတွင်း ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ နီပေါ၊ ပါကစ္စတန်၊ အယ်လ်ဘေးနီးယား၊ ဘာဘေဒို၊ ဂွါတီမာလာ၊ ကင်ညာ နှင့် ဆူဒန် စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း  ၆၂  နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ် ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရသည်။
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်၊ ခရိုအေးရှား၊ အိုက်စလန်၊ ဘူဂေးရီးယား၊ လက်ဘနွန်၊ အန်ဒိုရာ၊ စပိန်၊ နယူးဇီလန်၊ အီတလီနှင့် ဆွီဒင်အပါ အဝင် နိုင်ငံပေါင်း  ၄၉  နိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၄ ဒသမ ၂၀ ရာခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံး ဆီဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်တွင် အောက် တိန်း-၉၂ တစ်လီတာလျှင် ကျပ်  ၂၀၈၀၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ကျပ်  ၂၁၉၀ ၊  ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၂၄၀  နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၃၅၀  အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဟားခါးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃၅၀ဝ ၊  ဒီဇယ်တစ်လီတာလျှင် ကျပ်  ၃၃၅၀၊  ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၉၆၀၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၁၉၀  ဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၂၁၉၀၊ ဒီဇယ် တစ် လီတာလျှင် ကျပ်  ၂၂၄၀၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၄၅ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေပြီး  မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ် ထက် ဓာတ်ဆီတစ်လီတာလျှင် ၂၅ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး  ဒီဇယ်တစ်လီတာလျှင် ကျပ် ၇၀ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရ သည်။ 

 

P&S