Main menu

Background

ဂျပန်အပါအဝင် သုံးနိုင်ငံသို့ ပျားရည်တန်ချိန် ၁၃၀ဝ ကျော် တင်ပို့ထား

Mon, 11/20/2023 - 13:36 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်  ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လတာကာလအတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့ပျားရည်တန်ချိန် ၁၃၁၉ ဒသမ ဝ၂ တန် တင်ပို့ထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ  သိရသည်။ အဆိုပါ ကာလအတွင်း ပျားရည်တင်ပို့မှုကို ဂျပန်၊  ထိုင်းနှင့်  တောင်ကိုရီးယားနိုင်ငံများသို့ ပုဂ္ဂလိကကဏ္ဍမှ တင်ပို့ထားခြင်းဖြစ်ပြီး ပုံမှန်ကုန် သွယ်ရေးဖြစ်သည့် ပင်လယ်ရေကြောင်းနှင့်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ    တင်ပို့ထားခြင်းဖြစ် ကြောင်း သိရသည်။ ပျားရည်ကို  ပြည်တွင်း၌  ဆေးဝါးအဖြစ် အသုံးပြုကြပြီး ပြည်ပဈေးကွက်သို့ တင်ပို့ထား နိုင်သဖြင့်  နိုင်ငံခြားဝင်ငွေ  ရရှိနေခြင်းဖြစ်ကာ လက်ရှိတွင် ပျားရည်တန်ချိန် ၁၃၀ဝ ကျော် တင်ပို့ မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၈ သန်းရရှိထားကြောင်း သိရသည်။ ပြည်တွင်း၌ လက်ရှိ ပျားရည်ထုတ်လုပ်မှု အနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျား ရည်၊  နေကြာပျားရည်၊ လိုင်ချီးပျားရည် စသည့် အမျိုးအစားများ ထုတ်လုပ်လျက်ရှိသည်။ ပြည်ပဈေးကွက်၌ မြန်မာ့ပျားရည် တစ်တန် ပေါက်ဈေးမှာ  အမေရိကန်ဒေါ်လာ  ၂၅၀ဝ မှ ၃၀ဝ၀ အကြား ရရှိနေပြီး နှစ်စဉ် တန်ချိန် ၃၀ဝ၀ ခန့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ပျားလုပ်ငန်းဌာနအနေဖြင့်   မြို့နယ် ၃၁ မြို့နယ်၌ အစိုးရပိုင် ပျားမွေးမြူရေးစခန်း ၃၁ ခု ဖွင့်လှစ်ထားရှိပြီး ပျားမွေးမြူရေးလုပ်ငန်းများ လုပ် ကိုင်နေသလို ပုဂ္ဂလိကပျားမွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း နည်း ပညာများနှင့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ   ထွက်ရှိသည့်   ပျားရည်ကို ဂျပန်၊ ထိုင်း၊ ကိုရီးယားနိုင်ငံများအပြင် တရုတ်၊ ဆော်ဒီအာရေဗျ၊   အမေရိကန်၊   စင်ကာပူနှင့် ဥရောပဈေးကွက်များသို့  တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။

ပန်းဆု