Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 12/04/2023 - 11:22 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရသည်။ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၃ ရက်တွင် ရွှေတစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၁၉၉၆ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၉ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၄၁ဒေါ်လာ ဖြစ်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်တွင်းရွှေဈေးသည်လည်းနိုဝင်ဘာ ၂၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်၃၆၅၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၉ ရက်တွင် ကျပ်၃၆၄၅၀ဝ၀ သို့ အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ စက်တင်ဘာအစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်း ပွမှု နှုန်းသည်  ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး GDP သည် - ၁၈ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏GDP သည် ၁ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWorld Bankမှ ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ cecidata.com မှ ဖော်ပြချက်၌၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP မှာ - ၅ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။ ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ နိုဝင်ဘာ ၂၃ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်ထိရက်သတ္တပတ်အတွင်း ကျပ် ၃၄၃၅-၃၄၄၀ ကြား ရှိနေကြောင်း သိရသည်။

P&S