Main menu

Background

မြန်မာ့သကြားကို ဗီယက်နမ်သို့ ဦးစားပေး တင်ပို့မည်

Mon, 12/04/2023 - 12:01 -- journal_editor

ပြည်ပနိုင်ငံအချို့မှ မြန်မာ့သကြားကို ဝယ်ယူရန် ကမ်း လှမ်းထားသော်လည်း ဗီယက်နမ်နိုင်ငံသို့သာ ဦးစားပေး တင် ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ   သကြားနှင့်ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။  ဘင်္ဂလားဒေ့ရှ် နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ပြီးခဲ့သည့် စက်တင်ဘာလကတည်း က မြန်မာ့သကြားဝယ်ယူရန်  ကမ်းလှမ်းမှုများရှိသည့်အပြင် ဗီယက်နမ်နိုင်ငံကပါ တန်ချိန် တိုးမြှင့်ဝယ်ယူရန်  ကမ်းလှမ်း ထားခြင်းဖြစ်သည်။
ယင်းသို့ ကမ်းလှမ်းခဲ့သည့် အမှာစာများကို ယခု ၂၀၂၃ ခုနှစ်  ကြံရာသီရောက်မှသာ တင်ပို့ရန်  စီစဉ်ထားခြင်းဖြစ်ပြီး မြန်မာ့သကြား အဓိကဝယ်လက်ဖြစ်သည့် ဗီယက်နမ်နိုင်ငံက ပေးပို့သည့် အမှာစာ သကြားတန်ချိန် ၁၀ဝ၀ဝ ကို ဦးစားပေး တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံအတွင်း၌ တစ်နှစ်လျှင် သကြားတန်ချိန် လေးသိန်းခွဲကျော်  ထွက်ရှိပြီး ပြည်တွင်းစားသုံးပြီး ပိုလျှံသည့်  သကြားကို   လက်ရှိတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်တို့သို့  တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
လက်ရှိ ပြည်တွင်း၌ သကြား တန်ချိန် ၅၀ဝ၀ဝ ကျော် သာရှိသော်လည်း   ကြံကြိတ်ရာသီ ဒီဇင်ဘာ မရောက်မီအထိ လုံလောက်မှုရှိကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း   လက်ရှိ၌  သကြားဈေး မြင့်တက်နေသည့်အတွက် သကြားစက်များမှ ဈေးတိုးမြှင့်ပေး ၍ ဝယ်လာမှုများရှိနေပြီး    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က   ကြံ တစ်တန် ကျပ် ၉၀ဝ၀ဝ အထိသာ ဈေးရရှိပြီး ယခု၂၀၂၃ ခုနှစ် တွင်တော့ စက်ရုံအရောက် ကျပ် ၁၅၀ဝ၀ဝ အထိ   ဈေးပေး ဝယ်ယူများရှိနေကြောင်း သိရသည်။
မြန်မာ့ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် စတင်ပြီး တစ်နှစ်လျှင် ပျမ်းမျှသကြားတန်ချိန် လေးသိန်းခန့် စိုက်ပျိုးထုတ်လုပ်နိုင်ကြောင်းသိရသည်။ ကြံကို အဓိကအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊   ပဲခူးတိုင်း(အရှေ့ ခြမ်းနှင့် အနောက်ခြမ်း)၊    ရှမ်းပြည်နယ်  (တောင်ပိုင်းနှင့် မြောက်ပိုင်း)တို့တွင် စိုက်ပျိုးနေပြီး ထုတ်လုပ်မှုအားဖြင့် တစ် နိုင်ငံလုံးတွင် သကြားစက်ရုံပေါင်း ၂၃ ရုံရှိကာ အဆိုပါ စက်ရုံ များကို    ကြံစိုက်ပျိုးရာနေရာများ၏   အနီးဆုံးတွင် တည် ဆောက် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပန်းဆု