Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Wed, 12/20/2023 - 11:15 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည်အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် ရွှေတစ်အောငစ် လျှင ်အမေရကိ န ် ဒေါ်လာ ၂၀၃၀ ဒေါ်လာ ပေါကေ် ဈးရှိခဲ့ရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၇၉ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၇၁၅၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၃၆၉၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။၂၀၂၁ ခုနှစ်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏စက်တင်ဘာလ အစီရင်ခံစာထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ဒသမ ၂ ရာခိုင်နှုန်းရှိပြီးGDP သည် - ၁၈ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက်ငွေကြေးဖောင်းပွမှုနှုန်းသည် ၈ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်းWorld Bank မှ ခန့်မှန်းထားသည်ကို တွေ့ရှိရသည်။ cecidata.com မှ ဖော်ပြချက်၌ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏GDP မှာ - ၅ ဒသမ ၉ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ထက် ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားသည်။ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လိုအားပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၁၃ရက်အထိ ရက်သတ္တပတ်အတွင်း ၃၅၅၀-၃၅၆၀ ကျပ်ကြား ရှိနေကြောင်း သိရှိရသည်။

P&S