Main menu

Background

ရွှေဈေး ကျပ် ၃၆ သိန်းကျော် ပေါက်ဈေးရှိ

Mon, 01/15/2024 - 11:24 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (ွ့နဗ) မှ ထုတ်ပြန် လျက်ရှိသည့် ရွှေဈေးနှုန်းမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှစတင်ကာ ကျပ် ၃၆ သိန်းကျော်ကို ပြန်လည် ရောက်ရှိလာကြောင်း အဆိုပါအသင်းမှ သိရ သည်။  ွ့နဗ ၏ ဈေးကွက်အဖွင့်ဈေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ ခြောက်ရက်တာကာလအတွင်း ကျပ် ၃၇ သိန်းကျော်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့်  ွ့နဗ ၏ ရွှေဈေးနှုန်းများ မှာ ဇန်နဝါရီ ၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၆၅၀၁၀ဝ၊ ၆ ရက်တွင် ကျပ် ၃၆၅၃၇၀ဝ ၊ ၈ ရက်တွင် ကျပ် ၃၆၄၉၃၀ဝ၊ ၉ ရက်တွင် ကျပ် ၃၆၆၂၂၀ဝ၊ ၁၀ ရက်တွင် ကျပ် ၃၆၅၁၄၀ဝ၊ ၁၂ ရက်တွင် ကျပ် ၃၆၅၈၆၀ဝ ဖြစ်ကြောင်း သိရသည်။
အလားတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများအနေဖြင့် လည်း ဇန်နဝါရီ ၅ ရက်တွင် တစ်အောင်စ ၂၀၄၃ ဒေါ်လာ၊ ၆ ရက်တွင် ၂၀၄၅ ဒေါ်လာ၊ ၈ ရက်တွင် ၂၀၃၁ ဒေါ်လာ၊ ၉ ရက်တွင် ၂၀၃၇ ဒေါ်လာ၊ ၁၀ ရက်တွင် ၂၀၃၁ ဒေါ်လာ၊ ၁၂ ရက်တွင် ၂၀၃၅ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု