Main menu

Background

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ စတင်နေ

Tue, 12/03/2024 - 14:52 -- journal_editor

ရန်ကုန်တိုင်း‌ဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဧရိယာ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးဇုန်(၃)ရှိ မြေဧရိယာ ၅၅၅ ဒသမ ၈၁ ဧကပေါ်တွင် အကောင်အထည် ဖော်လျက်ရှိသည့် ကိုရီးယား-မြန်မာစက်မှုဇုန် ပြင်ပအခြေခံအဆောက်အအုံ စီမံ ကိန်းများ တည်ဆောက်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်‌ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိတွင် ကိုရီးယား-မြန်မာစက်မှုဇုန်အတွက် လိုအပ်သည့် စီမံကိန်းပြင်ပ  အခြေခံအဆောက်အအုံများ  တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အတွက် ပြင်ဆင်လျက်ရှိနေပြီး ယင်းစီမံကိန်းအတွင်းရှိ ပြင်ပ အခြေခံအဆောက် အအုံများ တည်ဆောက်ရေး  စီမံကိန်းလုပ်ငန်း၌ ရေသွယ်ယူခြင်း၊ လမ်းချဲ့ထွင် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းများ ပါဝင်လျက်ရှိ သည်။အဆိုပါစီမံကိန်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကိုရီးယား ထုတ်ကုန်၊ သွင်းကုန်ဘဏ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေခေါင်းစဉ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ရယူကာ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရသည်။ ကိုရီးယား-မြန်မာစက်မှုဇုန် ပြင်ပအခြေခံ အဆောက်အအုံ စီမံကိန်းများ သည် လှည်းကူးမြို့နယ် မှော်ဘီမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိ ကြောင်း သိရသည်။                                                                                  

ကိုတိုး