Main menu

Background

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည့် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ အတည်ပြုခွင့်ပြု

Thu, 12/04/2025 - 10:34 -- journal_editor

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ဟိုတယ် နှင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော် မတီ (၃/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာ  ၂၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနန္ဒ အောင်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဆက်စပ်ဌာန ဆိုင်ရာ များမှ   တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်း တတ်သိပညာရှင်နှင့် ဟိုတယ်နှင့်  ခရီးသွားလုပ်ငန်းအသင်းအဖွဲ့ကိုယ်စားလှယ်များ တက် ရောက်ကြသည်။
ယင်းအစည်းအဝေးမှ ဟိုတယ်အဆောက်အဦး တည်ဆောက် ခွင့် နှစ်ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင် သုံးခု၊ ဟိုတယ်လုပ်ငန်း လိုင်စင်  သက်တမ်းတိုးနှင့် ဝန်ဆောင်မှု ၅၁ ခု၊  တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်သက်တမ်းတိုးနှင့် ဝန်ဆောင်မှု ၁၅  ခု၊ တည်းခိုဆောင်လုပ်ငန်း လိုင်စင်အသစ်တစ်ခု၊ သက်တမ်းတိုးသုံးခု၊ ခရီးလှည့်လည်ရေး လုပ် ငန်းလိုင်စင်အသစ် (ပြည်တွင်း/ပြည်ဝင်) အခု ၄၀၊ (ပြည်ပ) ၂၁ ခု၊ ခရီးလှည့်လည်ရေး (ပြည်တွင်း/ပြည်ဝင်) သက်တမ်းတိုး ၁၈၂ ခု၊ (ပြည်ပ)  ၄၆ ခု၊ ဧည့်လမ်းညွန်လုပ်ငန်းလိုင်စင် သက်တမ်းတိုး ၁၅၄ ခု၊  ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအသစ်  ၁၁  ခု၊ သက်တမ်းတိုး လေးခုတို့အား အတည်ပြုပေးနိုင်ခဲ့သည်။
လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့သည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ များမှ  ဟိုတယ်လုပ်ငန်းကဏ္ဍ  ရင်းနှီးမြှုပ်နှံမှု ပမာဏ  ငွေကျပ်  ၉၈၇၈ ဒသမ ၉၅၀ သန်းနှင့် လုပ်သားအင်အား  ၂၂၃ ဦးအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ကိုတိုး