အာဆီယံ-ကိုရီးယားစင်တာနှင့် ကိုရီးယားသွင်းကုန်လုပ်ငန်းရှင်များအသင်းတို့သည် တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ရန်ရည်ရွယ်၍ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ ကုန်သွယ်ရေးမြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ကြောင်း မေ ၁၈ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့နှင့် အစည်းအဝေးကိုမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တို့တွင် မေ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းကဏ္ဍတွင် အထူးပြုထားသည့် ကိုရီးယားကုမ္ပဏီ ၂၀ နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်း ၆၀ ကျော် အကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဉ်သူများကပြောကြားခဲ့သည်။ အစီအစဉ်တွင် စီးပွားရေးဖိုရမ်များ၊ စီးပွားရေးချိတ်ဆက်မှု ဆွေးနွေးပွဲများနှင့် စက်ရုံလေ့လာရေးခရီးများပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ ကိုရီးယားကုမ္ပဏီများအား အာဆီယံဒေသအတွင်း ပို့ကုန်–သွင်း ကုန်လမ်းကြောင်းများနှင့် ဒေသတွင်းဈေးကွက် အပြောင်းအလဲများဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးရန်ဖြစ်ပြီး နောက်ဆုံးပေါ်စက်မှုလုပ်ငန်းဆိုင်ရာနည်းပညာနှင့် လုပ်ငန်းလမ်းကြောင်းများကို လေ့လာနိုင်ရန် အခွင့်အလမ်းများလည်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အာဆီယံနိုင်ငံများရှိ သက်ဆိုင်ရာ လုပ်ငန်းမိတ်ဖက်များနှင့် ကွန်ရက်ချိတ်ဆက်မှု တိုးချဲ့ရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မည့်မိတ်ဖက်များ ရှာဖွေဖော်ထုတ်ရန်လည်း အဓိကထားဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။ တောင် ကိုရီးယား – ဗီယက်နမ် စီးပွားရေးဖိုရမ် ကို မေ ၂၀ ရက်တွင် New World Saigon Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဟိုချီမင်းမြို့တော်စည်ပင်သာယာရေးဌာန၏ ဘဏ္ဍာရေးဌာနနှင့် စက်မှုနှင့် ကုန်သွယ်ရေးဌာန၊ ထို့ပြင်Vietnam Trade Promotion Agency မှ ကိုယ်စားလှယ်များက ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းများ၊ ကုန်သွယ်ရေးမူဝါဒ များနှင့် ဗီယက်နမ်–တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်အကောင်အထည်ဖော်မှု အခြေအနေများကို မျှဝေဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုရီးယားကိုယ်စားလှယ် အဖွဲ့သည် အစားအသောက်နှင့် နည်း ပညာလုပ်ငန်းများသို့ သွားရောက်လေ့ လာကာပေါင်းစည်းထားသည့် ထောက်ပံ့ မှုကွင်းဆက်မော်ဒယ်များနှင့် ဗီယက်နမ်၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရေး မူဝါဒများ၊ အထူးသဖြင့် ဟိုချီမင်းမြို့ တော်ကို ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေး ဗဟိုချက်အဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် စီးပွားရေးလုပ်ငန်းများ၏ တင်ပို့ရာ ဈေးကွက်မျိုးစုံချဲ့ထွင်နိုင်ရေး အထောက် အကူပြုရန် ရည်ရွယ်သည့် မဟာဗျူဟာ များကို လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။
Vietnam Plus
DOCA(ရန်ကုန်)
Background
