Main menu

Background

ခရီးသွားလုပ်ငန်း ဝန်းကျင် အခြေအနေကို အေအီးစီက ပြောင်းလဲနိုင်မည်

Mon, 10/21/2013 - 12:33 -- ydnar

ထိုင်းနိုင်ငံနဲ့ လာအို၊ ကမ္ဘောဒီး ယားနဲ့ မြန်မာစတဲ့ အိမ်နီးချင်းနိုင်ငံတွေ က အာဆီယံတစ်ခုတည်းသောဈေး ကွက်အစီအစဉ်ကနေ အကျိုးအမြတ် တွေအများဆုံးခံစားနိုင်လိမ့်မယ်လို့ ထိုင်း နိုင်ငံခရီးသွားလုပ်ငန်းကောင်စီဥက္ကဋ္ဌ ပီယာမန်တက်ချာပိုင်ဘူးကပြော ကြောင်း ထိုင်းနိုင်ငံမှတီတီအာဝိကလီး ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

စည်းမျဉ်းဥပဒေတွေ လျှော့ချထား ပြီးဖြစ်တဲ့အတွက် ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေနဲ့ဆက်သွယ် နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းဒေသတွေမှာ အဖွဲ့လိုက် ခရီးသွားလာမှု (Package Tours) တွေ တိုးတက်ကောင်းမွန်လာမဲ့ လက္ခ ဏာရှိနေပါတယ်။ ဥပမာအားဖြင့် ချင်း ယိုင်ပြည်နယ်မှာ လေဆိပ်သုံးခုရှိပြီး အိမ်နီးချင်းနှစ်နိုင်ငံမှာရှိတဲ့ နာမည်ကြီး ခရီးသွားလုပ်ငန်းဒေသအမျိုးမျိုးကို သွားလာနိုင်ပါတယ်။ ဒေသတွင်းကို သွားလာကြမဲ့ ခရီးသွားတွေနဲ့ ကုန်သွယ် ရေးကွန်ရက်ကို ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းခရီးသွားတွေက ချင်း ယိုင်မှာရှိနေရင် ရန်ကုန်နဲ့ဗီယန်ရှင်းကို သွားဖို့အတွက် ဘန်ကောက်ကိုပြန်လာ ဖို့မလိုတော့ပါဘူး။
မယ်ဆိုင်ဒေသမှာ နယ်စပ်ဒေသ စည်းမျဉ်းဥပဒေတွေကို လျှော့ချပေး ထားတဲ့အတွက် နယ်စပ်စခန်းတွေကို ပြန်သွားစရာမလိုဘဲ မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားဒေသတွေကို သွားလို့ရစေပါ တယ်။ ချင်းရိုင်မြို့ရဲ့မြောက်ဘက် ကီလို မီတာ ၁၀၀ ရှိမယ်ဆိုင်နားက တာချီ လိတ်နဲ့ ချင်းရိုင်ရဲ့ အရှေ့ဘက်ကီလိုမီ တာ ၈၀ အကွာရှိ လာအိုနိုင်ငံဟွေးဇိုင် မှာ လေဆိပ်တွေရှိသလို ချင်ရိုင်လေ ဆိပ်ကလည်း မြို့လယ်ကနေ ၁၂ ကီလို မီတာပဲရှိပါတယ်။
အာဆီယံမှာ လုပ်ငန်းဆိုင်ရာနဲ့ ကုန်သွယ်မှုအတားအဆီးတွေကျဆင်း သွားတဲ့အတွက် ခရီးသွားတွေက တာချီ လိတ်ကနေ ရန်ကုန်နဲ့မန္တလေးကိုသွားရ တာက ဘန်ကောက်ကနေ သွားရတာ ထက် ပိုမိုအဆင်ပြေသွားပါတယ်။ လာအိုနိုင်ငံ ဟွေဇိုင်ကနေ ဗီယန်ရှင်းကို နေ့စဉ်လေကြောင်းဆက်သွယ်မှုတွေရှိ နေပြီး အဲဒီကနေတစ်ဆင့် လွန်ဘရာ ဘန်နဲ့ပတ်ဆဲကို လေကြောင်းခရီးဆက် သွားနိုင်သလို မဲခေါင်ဒေသမှာရှိတဲ့ မြို့ တွေကိုလည်း ဘန်ကောက်ကို ပြန်စရာ မလိုဘဲဆက်သွားလို့ရပါတယ်။ ချင်းရိုင် လေဆိပ်က ဘန်ကောက်ကိုသွားတဲ့ ခရီးစဉ်နဲ့ ကူမင်းကို သုံးပတ်တစ်ကြိမ် သွားတဲ့ ခရီးစဉ်တွေသာရှိတဲ့အတွက် ရွေးစရာအကန့်အသတ်ရှိပါတယ်။ ဒေသတွင်းလေကြောင်းအဆက်အသွယ် တွေလိုအပ်နေပြီး လာအိုနဲ့မြန်မာနိုင်ငံ တို့က ဟွေးဇိုင်နဲ့တာချီလိတ်လေဆိပ် တွေကတစ်ဆင့် ဆက်သွယ်မှုတို့ပြုလုပ် ပြီး ပိုမိုထိရောက်တဲ့သွားလာရေးလမ်း ကြောင်းတွေထူထောင်ဖို့ ဆောင်ရွက် သွားလိုကြပါတယ်။
အေအီးစီသဘောတရားရဲ့ ခရီး သွားလုပ်ငန်းတို့ကို ဆက်စပ်ပေးလိုက် ရင် ခရီးသည်တွေက အိမ်နီးချင်းနိုင်ငံ တွေကိုသွားမဲ့ အဖွဲ့လိုက်ခရီးစဉ်တွေ ဝယ်ယူလာအောင် အားပေးနိုင်စရာရှိ ကြောင်း ချင်းမိုင်ခရီးသွားလုပ်ငန်း အသင်းဥက္ကဋ္ဌဆာရာဝပ်ဆီးတောက ပြောပါတယ်။
တောင်ဘက်ပိုင်းမှာလည်း ထိုင်း ခရီးသွားအေးဂျင့်တွေက မလေးရှားနဲ့ အင်ဒိုနီးရှားဘက်ကို အဖွဲ့လိုက်ခရီးစဉ် တွေဆောင်ရွက်ဖို့လိုအပ်နေပါတယ်။ အေအီးစီကိုဖွင့်လိုက်ရင် တောင်ပိုင်း ဒေသခရီးသွားလုပ်ငန်း အထူးသဖြင့် ဟိုတယ်လုပ်ငန်းတွေ အကျိုးရှိလာနိုင် ကြောင်း တောင်ပိုင်းဒေသထိုင်းဟိုတယ် အသင်းဥက္ကဋ္ဌကပြောပါတယ်။