Main menu

Background

မလေးရှားကိုသွားတဲ့ မြန်မာ့ဆန်ကြာဇံခြောက်

Mon, 10/21/2013 - 12:44 -- ydnar

မလေးရှားကို တင်ပို့ရန် မြန်မာ့ ဆန်ကြာဇံများ ကူးသန်းရောင်းဝယ် ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာနမှာ လိုင်စင် လာရောက်လျှောက်ထားပါ တယ်။ KINA အမှတ်တံဆိပ် ၃၀၀ ဂရမ်ပါ ဆန်ကြာဇံများကို ပလတ်စတစ် အိတ်များနဲ့ ထုပ်ပိုးပြီး တင်ပို့တာဖြစ်ပါ တယ်။ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးအာဏာပိုင်အဖွဲ့ရဲ့ (၂)နှစ် သက်တမ်းရှိတဲ့အစားအသောက် ထုတ် လုပ်ခြင်း ထောက်ခံချက် လက်မှတ် လည်း ရရှိထားပြီးမှ ပို့တာလို့ သိရပါ တယ်။

ဆန်ကြာဇံအဆင့်ဆင့် ထုတ် လုပ်တဲ့အပိုင်းမှာ အရည်အသွေး ထိန်း သိမ်းမှုအနေနဲ့ ဆန်ကွဲကုန်ကြမ်းများ အရည်အသွေးကောင်းမကောင်း၊ ဆန် ကွဲ၊ သာကူမှုန့်၊ပြောင်းဖူးမှုန့်၊ ပီလောပီနံ မှုန့်များကို အချိုးအစားမှန်ကန်စွာရော စပ်မှုရှိ/မရှိ ၊ ကြာဇံပေါင်းစက်နဲ့ ပေါင်း ရာမှာကြာဇံကျက်/မကျက်၊ အခြောက် ခံစက်နဲ့ အခြောက်ခံရာမှာ ကြာဇံ ခြောက်/မခြောက်၊ ကုန်ချော ဆန် ကြာဇံများကို ထုပ်ပိုးရာမှာလည်း အချိန်အတွယ်မှန်/မမှန်ကို စနစ်တကျ စစ်ဆေးခြင်းအားဖြင့် မိမိတို့ရဲ့ထုတ်ကုန် အရည်အသွေးထိန်းသိမ်းမှုကို ဆောင် ရွက်နေတယ်လို့ ကုမ္ပဏီရဲ့ တာဝန်ရှိသူ တစ်ဦးကရှင်းပြပါတယ်။
ဆန်ကြာဇံ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ကုန်ကြမ်းများဖြစ်တဲ့ ဆန်ကွဲ၊ ပြောင်းဖူးမှုန့်နဲ့ ပီလောပီနံမှုန့်များကို ပြည်တွင်းမှရရှိပြီး သာကူမှုန့်ကိုတော့ ပြည်ပက တင်သွင်းတဲ့ ကုန်ကြမ်းကို အသုံးပြုတယ်လို့ သိရပါတယ်။ ယခု အကြိမ် လိုင်စင်လျှောက်ထားမှုကတော့ ၂၈ ဒသမ ၅၆၀ တန်ဖြစ်ပြီး ၁ တန်ကို ဒေါ်လာ ၆၀၀ ဈေးရတယ်လို့ သိရ ပါတယ်။ တန်ဖိုးအားဖြင့် ၁၇၁၃၆ ဒေါ် လာဖိုးရေကြောင်းမှတစ်ဆင့် မလေးရှား နိုင်ငံပီနန်သို့ တင်ပို့မှာ ဖြစ်ပါတယ်။
မပို့