Main menu

Background

မာရီဂိုးနဲ့ ဒွန်းနို့ဆီများဝင်

Wed, 12/18/2013 - 06:01 -- ydnar

ပြည်တွင်းကို ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်နေ့တာ ကာလအတွင်း ကန် ဒေါ်လာ ရှစ်သိန်းလေးသောင်းကျော် တန်ဖိုးရှိ နို့ဆီ ၇၆၈ ဒသမ ၄၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မာရီဂိုးနို့ဆီ ၁၅၁ ဒသမ ၅၂၄ တန်နဲ့ ဒွန်းနို့ဆီ ၆၁၆ ဒသမ ၈၉၆ တန်ကို တင်သွင်းလာခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန် တစ်ရာကျော်သာရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ရာကျော် အဝင်ပိုခဲ့ပါတယ်။

နို့မှုန့်က ဒီတစ်ပတ်မှာ စင်ကာပူ နိုင်ငံမှ ၇၃ ဒသမ ၆၇၃ တန်၊ နယူး ဇီလန်မှ ၁၀၂ ဒသမ ၂၀ တန်၊ သြစ တြေးလျနိုင်ငံမှ ၃၂ တန်၊ ပြင်သစ်နိုင်ငံမှ ၁၆ ဒသမ ၅၀ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ ၁၆ တန်တင်သွင်းလာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်နို့မှုန့် အဝင်မှာ တန်ချိန် သုံးရာ့သုံးဆယ်ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ကိုးဆယ် ကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။
MIRT (DOT)