Main menu

Background

ရှားစောင်းလက်ပပ်၏ အသုံးဝင်ပုံများ

Wed, 06/21/2023 - 11:37 -- journal_editor

ရှားစောင်းလက်ပတ်သည်  အစွမ်းထက် ပြီး ကျန်းမာရေးအတွက် များစွာအသုံးဝင်သော အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပပ် တွင် အစွမ်းထက်သောဓာတ်တိုးဆန့်ကျင့်ဂုဏ် သတ္တိရှိသည်အရာများစွာ ပါဝင်သည်။
ရှားစောင်းလက်ပပ်သည်    အပူပိုင်းဒေသတွင် ပေါက်ပွားပြီး ထင်ရှားဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပပ် ပင်သည် ဗီတာမင်ဓာတ်ပြည့်ဝပြီး  အစိုဓာတ် ကို  ထိန်းသိမ်းပေးသည်။  အသားအရေကို လည်း စိုပြည်လှပစေသည်။  ထို့ကြောင့် ဝက်ခြံ ပျောက်ဆေးများနှင့်   ဗောက်ပျောက်ဆေးများတွင် ရှားစောင်းလက်ပပ်ကို  အသုံးပြုကြသည်။ ထို့ပြင်ဆံကေသာကို   ပျော့ပျောင်းစေပြီး ဆံသားများကိုလည်း ရှင်သန်စေရန် အ‌ထောက်အကူပြုသည်။ ရှားစောင်းလက်ပပ်ပင်သည် ကယ်ဆီယမ် ပါဝင်သောကြောင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး နှလုံးသွေးကြောကျဉ်းခြင်း နှင့်နှလုံးကြီးခြင်းတို့ကို လျော့နည်းစေသည်။ နှလုံးခုန်နှုန်းကိုလည်း တည်ငြိမ်စေသည်။ ရှားစောင်းလက်ပပ်ပင်သည် လူ့ခန္ဓာကိုယ်တွင် ပဋိဇီဝဆေးအနေဖြင့်လည်းကောင်း၊အရေ ပြား ရောင်ရမ်းလျှင်လည်းကောင်း၊ နာတာရှည် ရောဂါများအတွက်လည်းကောင်း  အသုံးပြုနိုင် ပါသည်။နှလုံး၊ အဆုတ်၊ အသည်းနှင့် သက်ဆိုင် သော ရောဂါတော်တော်များများကို  ပျောက်ကင်းစေပါသည်။   အရက်နာကျသူများလည်း ရှားစောင်းလက်ပပ်အစိမ်းလိုက်  စားသုံးခြင်းဖြင့် အသည်းကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေနိုင်သည်ဟု သိရသည်။   
ရှားစောင်းလက်ပပ်ပင်သည် ကိုယ့တွင်း ကျန်းမာရေးအတွက် အကျိုးထူးသော သဘာဝ ဆေးဝါးတစ်မျိုးဖြစ်သည်။ ရှားစောင်းလက် ပပ်သည် အရေပြားကျန်းမာရေးအတွက် များ စွာ အထောက်အကူပြုပေးနိုင်သော အကောင်း ဆုံး သဘာဝဆေးတစ်မျိုးဖြစ်သည်။  ရှားစောင်း လက်ပပ်အပင်လေးများသည်  အပူချိန်ကို တခြားအပင်များထက်  ပိုစုပ်ယူနိုင်သည်။ ရှားစောင်းလက်ပပ်သည်  အမိုင်နိုအက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ်နှင့် ကိုယ်ခံအားကောင်းစေပြီး နှလုံးကို ကောင်းမွန်စေသည်။ ထိုအပြင် အဆိပ်အတောက်များကို ပြေစေပြီး အရေပြားဆိုင်ရာကုထုံးများအတွက် အသုံးတည့်သောကြောင့် အလှကုန်ပစ္စည်းများတွင် အသုံးပြုနိုင်သည် အသုံးဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။   ရှားစောင်းလက်ပပ်သည်  ဝက်ခြံ၊ တင်းတိတ်ကို ပျောက်ကင်းစေပြီး   ဆီး၊ ဝမ်း၊ သွေး၊ လေမှန်စေ၍ ကျန်းမာလှပစေသည်။ ရှား စောင်လက်ပပ်သည်  အရေပြား ကျန်းမာရေး အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးဖြစ် သည်။  ရှားစောင်လက်ပပ်သည်  အရေပြား တွင်ရှိသောဆဲလ်များကို အောက်စီဂျင်ဓာတ် ပေးစွမ်းနိုင်သည်။
ရှားစောင်လက်ပပ်သည်  မီလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့် ပျက်စီးသော အရေပြား၊  ထိခိုက်ရှနာမှ  ကျန်ရှိသော အမာရွတ်၊ အပူလောင်၊ ယားနာ၊ ဓာတ်မတည့် ၍ ထသော အနီဖု၊ စပ်ဖျင်းဖျင်းအနာ၊ နှင်းခူနှင့် အခြား အရေပြားရောဂါတွေကို   ရှားစောင်း လက်ပပ်အသား(အနှစ်)  လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါသည်။ ရှားစောင်းလက် ပတ်အပင်များသည် အပူချိန်ကို  တခြားအပင် များထက် ပို၍စုပ်ယူနိုင်သည်။  
ထို့ကြောင့်‌  နွေရာသီကဲ့သို့  ပူပြင်းသော ရာသီဥတုမျိုးတွင် ရှားစောင်းလက်ပပ် အပင် များကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်အတွင်း ရှိ အပူချိန်ကို သက်သာစေနိုင်သည်။ 
ရှားစောင်းလက်ပပ်သည် လူ့ခန္ဓာကိုယ် အတွက် ကောင်းကျိုးများစွာပေးနိုင်သော ဆေးဖက်ဝင်အိမ်တွင်းသုံး အပင်မျိုးဖြစ်ပြီး အလွယ်တကူ စိုက်ပျိုးနိုင်သော အိမ်တွင်းသုံး ဆေးဖက်ဝင် အပင်တစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် ကောင်းကျိုးများစွာရှိသောရှားစောင်းလက်ပပ် ကို စိုက်ပျိုးသုံးစွဲသင့်သည်။ 
ပိုးအိခိုင်(DOCA)