Main menu

Background

စောင့်ရကိုျးနပ်လောက်အောင် အကိုျးအမြတ်ရှိလာတဲ့ လားရှိုးပြောင်းဈေးကွက်

Fri, 02/05/2010 - 13:00 -- Anonymous (not verified)

    ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ပြောင်း ဈေးကွက်တွင် တောင်သူလက်မှာ လက် ကျန်နည်းပါးလာတာနဲ့အမျှ ပြောင်းဈေးနှုန်းဟာ တစ်ရိပ်ရိပ်တက်လို့လာပါတယ်။ ယခင်အပတ်မှာ ပြောင်းဈေးနှုန်းဟာ တစ်ပိဿာ ၃၃၅ ကျပ်ကနေ ယခုအပတ် မှာ တစ်ပိဿာ ၃၆ဝ ကျပ် အထိမြင့်တက်လာတာကို တွေ့ရပါတယ်။ တောင်သူတွေကလည်း လက် ကျန်ကုန်နိုးနိုးနဲ့ ဈေးတက်လာ တော့ အနည်းအကျင်းလောက်တော့ လာရောက်ရောင်းချနေတာကို တွေ့ရပါတယ်။ ကုန်သည်တွေကလည်း ရသမျှ ကိုပေါက်ဈေးနဲ့ ဝယ်ယူနေပြီး ပါမစ်ဈေးပေါ်မူတည်ပြီး တစ်ပိဿာဈေးနှုန်းကို တိုးပေးသင့်တာကို တိုးပေးဝယ်ယူနေပြီး လားရိုှုးလက်ကား ကုန်စည်ဒိုင် မှာ တစ်ပတ်အတွင်းပြောင်းပိဿာချိန် နှစ်သိန်းခန့်အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ယခုနောက် ဆုံးပတ်အထိ ပြောင်းတန်ချိန် ၁၇၂၈၆ မက်တန်ကို လားရှိုးကုန်စည်ဒိုင်မှ တစ်ဆင့် တရုတ်ပြည် ဈေးကွက်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်က ပြောင်းတစ်ပိဿာ ကို ၃၈ဝ ကျပ်ရှိခဲ့ပြီး တစ်ဖက်နိုင်ငံ ပြောင်းဈေး ၃ဝ ဒသမ ၇၅ ပိဿာ တစ်အိတ်ကို ၇ဝ ယွမ်ရှိပါတယ်။ ယခင် ပတ်က တစ်အိတ်ကို ၈၃ ယွမ်မှ ယခု အပတ်မှာတော့ ၉ဝ ယွမ်ဈေးတက် လာ ခဲ့တာကို တွေ့ရပါတယ်။ ပြောင်း အသစ်မှာ ပေါ်ထွက်ရန် ၆ လ-၇ လလောက် လိုသေးတာရယ်၊ ပြောင်းဈေးကွက်က တဖြည်းဖြည်း တက်ရိပ်ရှိတာရယ် ကြောင့်   လက်ကျန်အများအပြားရှိနေသေးတဲ့ ကုန်သည်ပွဲစားတို့ ဈေးကောင်းရဖို့ စောင့်ရကိုျးနပ်မယ်လို့ ဈေးကွက်က ခန့်မှန်းပါတယ်။                                                                                                                                         ပပဝင်း