Main menu

Background

စံချိန်စံညွှန်းဖြင့် ကိုက်ညီသည့်ဆန်များကိုသာ ထိုင်းနိုင်ငံက တင်သွင်းမည်

Mon, 02/08/2010 - 06:09 -- Anonymous (not verified)

    ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် အာဆီယံလွတ်လပ်စွာ ကုန်သွယ်မှုသဘော တူညီချက်  AFTA အစီအစဉ်အရ ပြည်တွင်းဆန်ထုတ်လုပ်သူများအား ထိခိုက်မှုမရှိစေရန် ထိုင်းနိုင်ငံသည် ဆန်တင်သွင်းမှုအတွက် တင်းကျပ်သည့် သတ်မှတ်ချက်များ ချမှတ်ထားပါသည်။ ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းမည့်ဆန်များ အား စံချိန်စံညွှန်းပြည့်မီမှု၊ သန့်ရှင်းမှုနှင့် ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုတော့မည်ဟု ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၇ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားပါသည်။     ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ကမ္ဘောဒီးယားနယ်စပ်ရှိ ဗမညေပစေမအေ့နအ စစ်ဆေးရေး ဂိတ်၊ လာအိုနိုင်ငံ နယ်စပ်ရှိ သြညါ ု့ငေ စစ်ဆေးရေးဂိတ်၊ မြန်မာနိုင်ငံနယ်စပ်ရှိ မယ်ဆိုင်စစ်ဆေးရေးဂိတ်နှင့် မဲဆောက် စစ်ဆေးရေးဂိတ်၊ ရနောင်း စစ်ဆေးရေးဂိတ်တို့မှသာ ဆန်များအား တင်သွင်းခွင့်ရမည်ဖြစ်သည်။     အာဖတာအစီအစဉ်အရ အခွန်ကောက်ခံမှုကို သုညရာခိုင်နှုန်းအထိ လျှော့ချမှုများပြုပြီးနောက် ထိုင်းနိုင်ငံ၏ တောင်သူ လယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးနှုန်းကျဆင်းမှုမှ ကာကွယ်ရန်အတွက် သွင်းကုန်နှင့်ပတ်သက်သည့် လုံခြုံစိတ်ချမှုနှင့် ကြိုတင်ကာကွယ်ရေး အစီအစဉ်များကို ဆောင်ရွက်ထားပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဆန်ထွက်ရှိမှုမရှိသည့် မေလမှဇူလိုင်လအထိနှင့် မတ်လမှအောက်တိုဘာလအထိ ဆန်တင်သွင်းမှုကို ကန့်သတ်ထားမည်ဟု ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Pornthiva Nakasai မှ ပြောကြားပါတယ်။   Source: Bankok Post