Main menu

Background

အတွက်အချက်တော်တဲ့တရုတ်ကုန်သည်များက မူဆယ်မှာ လည်စင်းခံနေတဲ့မြန်မာ့ဆန်ကို ဈေးချဝယ်ယူနေ

Wed, 07/22/2015 - 18:16 -- journal_editor

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးကွက် မှာ ဇူလိုင်၁၇ရက် ဈေးနှုန်းများအရ    ဖျာပုံပေါ်ဆန်း လတ်စတစ်အိတ်ကို  ၃၆၀၀၀ ကျပ်၊ ထိပ်စ ၃၈၀၀၀ကျပ်၊ မြောင်းမြ/ ပုသိမ်    ပေါ်ဆန်းလတ်စ ၃၉၀၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်းလတ်စ ၃၅၅၀၀ ကျပ်၊ ထိပ်စ ၃၆၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း   တစ်အိတ်ကို ၄၃၅၀၀ ကျပ်မှ ၄၄၅၀၀ ကျပ်ထိ ဈေးနှုန်းအသီးသီး  ဖြစ်ပေါ်ခဲ့ပြီး ဆန်ချောဈေးနှုန်းတွေ ဆက်ငြိမ်နေ တာ တွေ့ရပါတယ်။
ကုန်စည်ဒိုင်မှာ ဆန်ချောအဝယ် အေးနေလို့ ဈေးပါဆက် အေးပြီး ငြိမ် နေတာဖြစ်ကြောင်း၊ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထလတ်စ  တစ်အိတ်ကို ၁၉၅၀၀ ကျပ်၊ ထိပ်စ  ၂၀၇၀၀  ကျပ်၊ မိုးသုခ ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ ကျပ်၊   မီး တောက် ၂၁၀၀၀ ကျပ်မှ ၂၁၅၀၀ကျပ်၊ ဆင်းဆွယ်လတ် ၂၁၅၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်တို့ဖြင့် ဈေးဆက်ငြိမ်နေ ကြပြီး၊   နွေဆန်ရှယ်   တစ်အိတ်ကို ၁၈၃၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် ၂၀၀ ကျပ်ခန့်ဈေး အနည်းငယ် ဆက်ကျခဲ့ကြောင်း ဆန် ကြမ်းတွေလည်း   အဝယ်အေးနေပြီး တရုတ်လိုင်းမဆွဲလို့ နွေရှယ်တွေ  ဈေး ဆက်ကျရတာဖြစ်ကြောင်း၊ ရန်ကုန်မှ တရုတ်လိုင်း-မူဆယ်သို့    မသွား သလောက်ပါးနေကြောင်း၊ ဝါးတန်းဒိုင် သို့ဆန်ပုံမှန်ဝင်နေသော်လည်း အရောင်း အဝယ်မှာ အေးနေတယ်လို့ ဒိုင်ဆန် ဈေးကွက်မှ ကြားသိရပါတယ်။
ရန်ကုန်   ဆန်ဈေးကွက်အတွင်း ဧည့်မထမြန်မာ ၂၅ မှတ်  (ပြည်ပ) ဆန်တစ်အိတ် (၅၀ ကီလို) တစ်အိတ်ကို ၁၆၁၀၀ ကျပ်မှ ၁၆၆၀၀ ကျပ်ခန့်ဈေး ရှိနေပြီး ယခင်တစ်ပတ်ထက် တစ်အိတ် လျှင် ၂၀၀ ကျပ်ခန့်ဈေးကျခဲ့ကြောင်း၊EMATA MYANMAR 25% FOB (YANGON) ဈေး310/315 USD/MTနှင့် 330/340 USD/MT ခန့်ဈေးနှုန်းများ ဖြစ်နေသော်လည်း  ရန်ကုန်FOB အတင်ငြိမ်နေတယ်လို့ ဆန်ဈေးကွက်မှ သိရှိရပါတယ်။
တရုတ်လိုင်း   မူဆယ်ဆန်ဈေး ကွက်မှာ   ဇူလိုင်လ ၁၇ ရက်နေ့မှသာ ဈေးနှုန်းစာရင်းထွက်ရှိနိုင်ပြီး ဧည့်မထ ၅ မှတ်   မှော်ဘီတစ်အိတ်ကို ၁၃၀-၁၃၂ ယွမ်၊ နွေရှယ် ၁၂၄-၁၂၇ ယွမ်၊ ဧည့်မထ ၁၅ မှတ်  ၇၄၇ တစ်အိတ်ကို ၁၂၇-၁၃၀ ယွမ်၊ ငစိန် ၅ မှတ် ၁၂၈ ယွမ်ဖြစ်ခဲ့ကြလို့  ယခင်   ဇူလိုင်လ ၂ ရက်နေ့ဈေးနှုန်းထက် တစ်အိတ်လျှင် ငါးယွမ်မှ ၁၃  ယွမ်အတွင်း ဈေးကျခဲ့ ကြောင်း၊ ဇူလိုင်လ ၁၇ရက်နေ့B1,2 ဈေး    တစ်အိတ်ကို   ၉၂-၉၇ ယွမ်၊B1,EXTRA   ၉၈-၁၀၂   ယွမ်ဖြစ်ခဲ့လို့ ယခင်ထက် တစ်ယွမ်မှ သုံးယွမ်အတွင်း ဈေးကျသွားကြောင်း၊ ယခင်နေ့မှစပြီး မူဆယ်ကုန်စည်ဒိုင်သို့ တရုတ် ကုန် သည်အချို့ပြန်လာပြီး အရောင်းအဝယ် ပြန်လုပ်နေကြောင်း၊ ယခုအခါ တရုတ် ကုန်သည်များအား အကြွေးစနစ်ဖြင့် မရောင်းချတော့ဘဲ   လက်ငင်း ငွေချေ ခိုင်းလို့    မူဆယ်မှာ ဆန်အရောင်း အဝယ် မဖြစ်ခဲ့ခြင်းကြောင့် လက်ကျန် ဆန်များနေခြင်း၊ ငွေလဲနှုန်း   တက်နေ ခြင်းများကြောင့် အတွက်အချက်တော် တဲ့ တရုတ်ကုန်သည်များက မူဆယ်မှာ လည်စင်းခံနေတဲ့ မြန်မာ့ဆန်ကို ဈေးချ ဝယ်ယူနေကြောင်း၊ မူဆယ်ရှိ ဇူလိုင်လ ၁၇ ရက်နေ့   ငွေလဲနှုန်းမှာ   တစ်ယွမ် လျှင် ၁၉၀ ကျပ်ဖြစ်ခဲ့လို့  ယခင်တစ် ပတ် ထက်  ၃ ဒသမ ၃၂ ကျပ်ဈေးတက်ခဲ့ ကြောင်း၊ ယခုတစ်ပတ်အတွင်း မူဆယ် သို့ ပြည်တွင်းနယ်စုံမှ ဆန်တန် ၅၄၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ယခင်တစ်ပတ် ထက် တန် ၇၀၀၀ ခန့်   လျော့နည်းဝင် ရောက်ခဲ့ကြောင်း၊ ရန်ကုန်မှ မူဆယ်သို့ ဆန်တင်ဆောင်ခ     တစ်တန်လျှင် ၆၀၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း ငြိမ်နေကြောင်း၊ ယခု ရက်ပိုင်းမှာ အဖမ်းအဆီးသတင်းများ မကြားရဘဲ   မူဆယ်ဆန်ဈေးကွက် ရှေ့ အလားအလာအနေဖြင့်   လကုန်ရက် နောက်ပိုင်းမှာ   အခြေအနေတွေပြန် ကောင်းနိုင်ကြောင်း   မူဆယ်ဆန်ဈေး ကွက်မှ ကြားသိရပါတယ်။
မြန်မာ့ဆန်နဲ့ဆန်ကွဲ ပြည်ပတင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့ မှ   ဇူလိုင်လ  ၁၀ ရက်နေ့ထိ တန်ချိန် ၅၅၇၈၀၀ ကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၉၂ သန်းကျော်ဖိုး တင်ပို့ ထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ ထက် တန်ချိန် ၂၂၀၂၄၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၈ သန်းကျော်ဖိုး ပိုမိုတင်ပို့ထားနိုင်တာတွေ့ရပါတယ်။ ဆန်ဈေးကွက်ရှေ့အလားအလာအနေ ဖြင့် လကုန်ရက်အထိ ဆန်ကြမ်းနဲ့ဆန် ချောပါ ဈေးကွက်^ဈေးနှုန်း ဆက်အေး နိုင်တယ်လို့ ဆန်ဈေးကွက်မှ သုံးသပ် လျက်ရှိကြောင်း တင်ပြလိုက်ပါတယ်။
သန်းအေး (ဆန်စပါး)