Main menu

Background

ယခုတစ်ပတ်ဆန်တန်ချိန် ကိုးသောင်းကျော်တင်ပို့

Fri, 01/05/2018 - 13:31 -- journal_editor

      မြန်မာ-တရုတ်နယ်စပ်နဲ့  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက် အထိ သီတင်းတစ်ပတ်အတွင်း   အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ သန်းတန်ဖိုးရှိ  ဆန်နဲ့ကောက်ညှင်း ဆန် ၅၉၈၆၉ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှတင်ပို့မှုများမှာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်တန်ချိန် ၁၃၀၊ ဧည့်မထဆန် ၄၃၁၂၁ တန်ကျော်နဲ့   ကောက်ညှင်းဆန် ၁၃၃ တန်၊ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်တန်ချိန် ၂၆၃၀၊လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၂၅၈၅ တန်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ ကုန် သွယ်ရေးစခန်းမှ ဧည့်မထ ဆန်တန်ချိန်၆၀နဲ့ မနောသုခ တန်ချိန် ၆၅၀၊ မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်တန်ချိန် ၅၆၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က  ကုန်သွယ်ရေးစခန်း များမှ ဆန် ၅၃၃၃၄ တန်တင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်မှာ ၆၅၃၅တန်ပိုမိုတင်ပို့နိုင်ေ ကြာင်း သိရှိရပါတယ်။ယခုတစ်ပတ်ဆန်သာမက  ဆန်ကွဲပါပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ  အမေ ရိကန်ဒေါ်လာ သုည ဒသမ ၃၁၆ သန်းတန်ဖိုးရှိ ဆန်ကွဲ၁၀၃၅ တန်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ    အမေရိကန်ဒေါ်လာ သုည ဒသမ ၁၀၉ သန်းတန်ဖိုးရှိ  ဆန်ကွဲ ၃၆၃ တန် တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းအမေရိကန်ဒေါ်လာသုည ဒသမ ၄၂၅ သန်း တန်ဖိုးရှိ  ဆန်ကွဲ ၁၃၉၈ တန်တင်ပို့ခဲ့ပါတယ်။  ယခင် တစ်ပတ်က ဆန်ကွဲ၁၂၇၁တန်တင်ပို့တဲ့အတွက် ယခုတစ်ပတ် မှာ ဆန်ကွဲ ၁၂၇ တန်ပိုမိုတင်ပို့နိုင်ကြောင်းသိရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၁၅ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၃၃၈၅၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်  ဆန်တင်ပို့မှုများ အနက် အိုင်ဗရီကို့စ်နိုင်ငံသို့  ဧည့်မထဆန်တန်ချိန် ၂၀၀၀၀ တင်ပို့ပြီး အများဆုံးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။အခြားထပ်မံတင်ပို့မှုများမှာ   ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် ၃၃၇၅ တန်နဲ့ ပေါင်းဆန် ၄၈၇၅ တန်၊ မက်ဒါဂါ စကားနိုင်ငံသို့ ဧည့်မထဆန် ၂၁၂၅ တန်၊ သီရိလင်္ကာနိုင်ငံသို့ ငစိန်ဆန် ၅၆၈ တန်နဲ့ ဧည့်မထဆန် ၃၆၅ တန်၊ တရုတ်နိုင်ငံသို့ ငစိန်ဆန်တန်ချိန် ၁၀၀၊ တောင် အာဖရိကနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၃၆၀၊ ရုရှားနိုင်ငံသို့ ငစိန်ဆန် ၃၇၅ တန်နဲ့ အီးယူ နိုင်ငံများသို့ ပေါင်းဆန် ၁၇၅တန်နဲ့  ဧည့်မထဆန် ၁၅၃၈ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က  ပင်လယ်ရေကြောင်းမှ ဆန် ၁၉၉၉၃ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ဆန်  ၁၃၈၆၃ တန် ပိုမိုတင်ပို့ခဲ့ကြောင်း သိရှိရပါတယ်။
ဆန်အပြင်  ဆန်ကွဲတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ၁ ဒသမ ၇၃၇ သန်းတန်ဖိုးနဲ့ တန်ချိန် ၆၅၃၀ တန်ရှိပါတယ်။ ဆန်ကွဲကို ယခုတစ်ပတ်မှာ  ဗီယက်နမ်နိုင်ငံသို့ ၁၂၅ တန်၊ သီရိလင်္ကာနိုင်ငံသို့ ၁၂၅ တန်၊ စင်ကာပူနိုင်ငံသို့ တန် ချိန် ၅၀၊ ဆီနီဂေါနိုင်ငံသို့တန်ချိန် ၁၃၀၀ နဲ့အီးယူနိုင်ငံများသို့ တန်ချိန် ၄၉၃၀တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၂၆၀၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၂၆ တန်ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ယခု တစ်ပတ် မှာ ကုန်သွယ်ရေးစခန်းများနဲ့  ပင်လယ် ရေကြောင်းမှ ဆန် ၉၃၇၂၅ တန်နဲ့ ဆန်ကွဲ ၇၉၂၈ တန်တင်ပို့ ပြီး ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။
            
ယဉ်ယဉ်အေး