Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 12/13/2022 - 12:36 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန်ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၀ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ဒေါ်လာ  ဖြင့် လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၃ဒေါ်လာဖြင့်လည်းကောင်း အသီး သီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၈ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၈ဒေါ်လာ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်။Thai Rice Exporter Association တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေခဲ့ပြီး ပါကစ္စတန်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်ကို သိရှိရသည်။
ပြည်တွင်းဆန်ဈေးကွက်အနေဖြင့် ရန်ကုန် ဝါးတန်း ဆန်ကုန်စည်ဒိုင်တွင် တန်းမြင့်ဆန် အမျိုးအစားဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်ခန့်ရှိကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်လျှင် ကျပ် ၉၃၀ဝ၀ ခန့်တွင် ဈေးနှုန်း တည်ငြိမ်နေခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၉၇၀ဝ၀ အထိ ဖြစ်လာသောကြောင့် နှစ်ပတ်အတွင်း တွင် ကျပ် ၄၀ဝ၀ ခန့် မြင့်တက်လာသည်ကို သိရှိရသည်။ ဧရာပေါ်ဆန်း ဆန်ဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀-၆၅၀ဝ၀ ကျပ်ဝန်းကျင်ရှိနေပြီး ဆန်ကြမ်းဈေးနှုန်းများသည်လည်း အမျိုးအစားအလိုက် တစ်အိတ်လျှင် ကျပ် ၄၅၀ဝ၀-၅၁၀ဝ၀ ဝန်းကျင်ရှိနေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည့်ဈေးနှုန်းအရ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၈၀ဝ၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀၊ ကြားပျံရှယ် တစ်အိတ်လျှင် ကျပ် ၆၇၀ဝ၀၊ ရက် ၉၀ တစ်အိတ်လျှင် ကျပ် ၅၀ဝ၀ဝ၊ မြီးဒုံး တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀ နှင့် သီးထပ် ရှယ် တစ်အိတ်လျှင် ကျပ် ၄၇၀ဝ၀ ရှိနေကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ နိုဝင်ဘာ ၂၅ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၇၇၉၇၆၂ ဒသမ ၄၆၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၁ ဒသမ ၇၉၈ သန်း၊ ဆန်ကွဲ တန်ချိန် ၅၀၄၉၃၄ ဒသမ ၁၁၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၇ ဒသမ ၉၄၅ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၂၈၄၆၉၆ ဒသမ ၅၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ပေါင်း ၄၅၉ ဒသမ ၇၄၃ သန်း ရရှိထားပြီး ယခင် နှစ်ကာလတူတွင် ဆန်တန်ချိန် ၆၅၃၀၆၂ ဒသမ ၉၅၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ၁၉၅ သန်း၊ ဆန်ကွဲ တန်ချိန် ၄၈၉၇၂၈ ဒသမ ၄၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၃ ဒသမ ၈၂၁ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၁၁၄၂၇၉၁ ဒသမ ၄၃၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၉၈ ဒသမ ဝ၁၆ သန်း ဖြစ်ကြောင်း ကုန်သွယ်မှု စာရင်းများအရ သိရှိရသည်။
ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၁၂၆၆၉၉ ဒသမ ၅၁၂ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၀၃ သန်း၊ ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲတန်ချိန် ၁၅၂၀၅ ဒသမ ၆၃၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၂၄ သန်း ပိုမို တင်ပို့ခဲ့သည်ကို သိရှိရသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖြစ် ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၁၃ ကျပ်နှုန်းရှိပြီး၊ ဧည့်မထ ၂၅ ရာခိုင် နှုန်း ဆန် တစ်အိတ်လျှင် ၄၂၅၃၉ ကျပ်မှ ၄၄၆၀၄ ကျပ်ကြား ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၈၁ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရ သည်။                                                                                                                     
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ် ဖြစ်ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၃၂၀ဝ ဖြင့် အမြင့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ပြီး ပြည်၊ ပဲခူး၊ မော်လမြိုင် နှင့် ဘားအံမြို့တို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၁၈၀ဝ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
Trading  Economics Website  တွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁၁ ရာခိုင်နှုန်း  ဈေးနှုန်းကျဆင်းရှိခဲ့ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် နိုင်ငံတကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ရှိသကဲ့ သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ်သည်။