Main menu

Background

ဆန်ချောရောဆန်ကြမ်းပါ ဈေးအတက်အကျသိပ်မရှိ

Fri, 01/05/2018 - 14:03 -- journal_editor

       ယခုတစ်ပတ်  ရန်ကုန်ဆန်ဈေး ကွက်မှာ   ဆန်ချောအသစ်များဖြစ်တဲ့ ဖျာပုံ၊ ပုသိမ်၊ မြောင်းမြ၊ ကျိုက်လတ်ပေါ် ဆန်းဆန်များဈေးငြိမ်နေကြောင်း သိရ ပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန် လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ် ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၃၃၀၀၀ နဲ့လတ်စတစ်အိတ်ကျပ် ၃၂၀၀၀၊ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စတစ်အိတ် ကျပ် ၃၄၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၃၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စတစ် အိတ်ကျပ် ၃၀၀၀၀ နဲ့လတ်စတစ်အိတ် ကျပ်၂၈၅၀၀ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ ပေါ်ဆန်းအသစ် တစ်အိတ်ကျပ် ၂၇၀၀၀ မှ ကျပ်၂၈၅၀၀  ရှိပြီး တစ်အိတ်ကိုကျပ်  ၁၀၀၀ ခန့်အထိ ဈေးကျကြောင်းသိရပါတယ်။  ကျားပျံ အသစ်ကတော့   တစ်အိတ်ကို   ကျပ် ၃၀၀၀၀ မှ ကျပ် ၃၃၀၀၀ ဖြစ်ပြီး ယခင် တစ်ပတ်ဈေးအတိုင်း     မပြောင်းလဲ ကြောင်းသိရပါတယ်။
ဧည့်မထဆန်၊ ငစိန်ဆန်၊   မိုးသုခ ဆန်စတဲ့ဆန်ကြမ်းများလည်း ဈေးငြိမ် နေကြောင်းသိရပါတယ်။   ဧည့်မထဆန် ထိပ်စတစ်အိတ်ကျပ် ၂၃၅၀၀နဲ့ လတ်စ တစ် အိတ်ကျပ် ၂၀၅၀၀၊ နွေသီးထပ် ရှယ်  တစ်အိတ်ကျပ် ၂၅၀၀၀ မှ ကျပ် ၂၇၀၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၂၆၀၀၀ မှ ကျပ် ၂၇၀၀၀၊ ဧည့်မထ ၂၅မှတ် တစ်အိတ်ကျပ် ၁၈၅၀၀မှ ကျပ် ၁၉၀၀၀၊  ငစိန်အသစ်တစ်အိတ်ကျပ် ၁၈၀၀၀ မှ ကျပ် ၁၈၅၀၀၊ မိုးသုခတစ် အိတ်ကျပ် ၂၅၅၀၀ မှ ကျပ် ၂၆၀၀၀ ဖြစ်ပြီး    ဈေးငြိမ်နေကြောင်း သိရပါ တယ်။ ဆန်ကြမ်းအသစ်(ရှယ်) တစ် အိတ်ကျပ် ၂၀၇၀၀ မှ ကျပ် ၂၁၀၀၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၅၀၀ ခန့်ဈေး ကျပါတယ်။ ရက် ၉၀ အသစ်ကတော့ တစ်အိတ်ကို   ကျပ် ၂၃၅၀၀ မှ ကျပ် ၂၄၀၀၀ ဖြစ်ပြီးတစ်အိတ်ကို ကျပ် ၅၀၀ ခန့်ဈေးတက်ကြောင်းသိရပါတယ်။
ယခုတစ်ပတ်   မူဆယ်ဆန်ဈေး နှုန်းများမှာ ဧည့်မထ ၅ မှတ်မှော်ဘီတစ် အိတ် ၁၃၇ ယွမ်မှ ၁၃၉ ယွမ်၊ ဧည့်မထ ၅မှတ်စူပါတစ်အိတ် ၁၃၁ ယွမ်မှ ၁၃၂ ယွမ်၊ ဧည့်မထ ၁၀ မှတ်မှော်ဘီတစ်အိတ် ၁၃၃ ယွမ်မှ ၁၃၄  ယွမ်၊  ဧည့်မထ ၁၀ မှတ် စူပါတစ်အိတ် ၁၂၈ ယွမ်မှ ၁၂၉ ယွမ်၊ သုခ ၁၅ မှတ်တစ်အိတ် ၁၂၁ ယွမ် မှ ၁၂၂ ယွမ်၊ သုခ ၂၅ မှတ်တစ်အိတ် ၁၁၅ ယွမ်မှ ၁၁၇ ယွမ်၊ ငစိန် ၅မှတ်တစ် အိတ် ၁၂၃ ယွမ်မှ ၁၂၄ ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ငစိန်၂၅မှတ် တစ်အိတ် ၁၁၅ ယွမ်မှ ၁၁၇ယွမ်ရှိပြီး   ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရပါတယ်။
မြို့တွင်းနယ်စုံမှ မူဆယ်သို့ ဆန် အဝင်မှာ ဒီဇင်ဘာလ၂၁ရက်မှ ၂၇ရက် အထိ၄၅၅၀၅တန်ရှိပါတယ်။ဆန်အဝင် ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ပုံမှန် ရှိကြောင်းသိရပါတယ်။  ဒီဇင်ဘာ ၂၉ ရက်ငွေလဲနှုန်းအရ တစ်ယွမ်ကို ၂၀၄ ကျပ် ဈေးပေါက်ကြောင်း မူဆယ်မှသိရ ပါတယ်။
    ယဉ်ယဉ်အေး