Main menu

Background

သမိုင်းဘူတာကို အဆင့်မြှင့်တင်၍ ရထားနှင့်ကား ပေါင်းစပ်ပြေးဆွဲမည့်စနစ် စတင်မည်

Fri, 11/08/2019 - 13:33 -- journal_editor

      သမိုင်းဘူတာကို အဆင့်မြှင့်တင်၍ ရထားနှင့်ကားပေါင်းစပ်ကာ ပြေးဆွဲမည့်စနစ်ကို စတင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ရန်ကုန်ဘတ်စ် ကားစနစ် ဖွံ့ဖြိုးတိုးတက် ရေးစီမံချက်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းကာ ဘတ်စ်ကားပြေးဆွဲမှု စီမံချက် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယင်း အတွက် ခရီးသည်များ အဆင်ပြေစေရေးအတွက် ရထားဘူတာမှထွက်သည်နှင့် ဘတ်စ်ကားစစီးနိုင်ရေးကိုပေါင်းစပ်ပြေးဆွဲနိုင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။ JICA နဲ့ ပူးပေါင်းပြီး သမိုင်းဘူတာကို အဆင့်မြှင့်တင်မယ်။ အဲဒီမှာ ရထားပေါ်ကဆင်းတာနဲ့ ကားစီးလို့ရအောင် ရထားနဲ့ကား ပူးပေါင်းပြေးဆွဲမှု ကို ဆောင်ရွက်သွားမှာပါ ဟု တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။ မြို့ပြဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယာဉ်ကြောကျပ်တည်းမှု ပြေလျော့နိုင်စေရန် ရန်ကုန်လူထုမြို့ပြရထားပို့ ဆောင်ရေးစီမံကိန်းကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် ၂၀၁၈ ခုနှစ် မေလမှစ၍ ကွင်း ဆင်း လေ့လာမှုများပြုလုပ်ခဲ့ရာ လမ်းကြောင်း (၁) အနေဖြင့် မြောက်နှင့်တောင် လမ်းကြောင်း၊ လမ်းကြောင်း (၂)အနေဖြင့် အရှေ့နှင့် အနောက်လမ်းကြောင်းဟူ၍ ခွဲခြားပြီး ဖြစ်နိုင်ခြေရှိ၊ မရှိ လေ့လာသွားမည်ဖြစ်ကြောင်း သိရ သည်။

 

ချောစု