Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Thu, 09/22/2022 - 16:03 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင်  ှုညအနမညအေငသညေူ ျွငခန ြမေုနအ ျွှနဘျငအန  ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၈ဒေါ်လာ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၃၅၀ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရ သည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၉ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၄ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၄ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၆ ဒေါ်လာ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရ သည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၃ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန ဒေါ်လာ ၃၇၈ ဒေါ်လာဖြင့်လည်းကောင်း ရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၈ ဖြင့်လည်းကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရ သည်။  တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များမှာ ကျဆင်းနေခဲ့ပြီး  ပါကစ္စတန်နိုင်ငံတွင် ဆန်ဈေးနှုန်း မြင့်မားလျက်ရှိကာ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေး နှုန်းမှာ တည်ငြိမ်လျက်ရှိသည်ကို သိရှိရသည်။
ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေ ဖြင့် အိန္ဒိယနိုင်ငံတွင် စိုက်ဧကလျော့နည်းလာ၍ အထွက်နှုန်း နည်းမည်ကို စိုးရိမ်နေရသဖြင့် ယခုတစ်ပတ်တွင် ဆန်ဈေးနှုန်း မြင့်တက်လာကြောင်း သိရှိရသည်။ ရာသီဥတု မမှန်သောကြောင့် မိုးစပါး အခြေအနေ မကောင်းဖြစ်နေပြီး ဆန်စပါးအထွက်နှုန်း လျော့ကျနိုင်ခြေကို တွက်ဆပြီး ဈေးတင်ရောင်းချလာသည်ဟု အိန္ဒိယဆန်ပို့ကုန်သမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရ သည်။ ဗီယက်နမ်နိုင်ငံတွင် ၅ ရာခိုင်နှုန်း ဆန်ဈေးသည် ယခင် တစ်ပတ်အတိုင်း မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံ၏ အဓိက ဝယ်လက်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဆန်အဝယ်လျှော့ချလာပြီး ဖိလစ်ပိုင်နိုင်ငံမှ ဝယ်လက်များသည် ဈေးပိုသက်သာသည့် ဆန်ကို ပိုပြီး စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ထိုင်းနိုင်ငံမှ ၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းသည် ယခင်တစ် ပတ်ထက် ဈေးနှုန်းကျဆင်းလာကြောင်း သိရှိရသည်။ သင်္ဘော တင်စရိတ်များ သက်သာလာပြီးနောက် အဝယ်စာ အမှာများ အများအပြား မရရှိသေးကြောင်း ကုန်သည်များ၏ ပြောကြားချက် အရ သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြည်တွင်းဆန်ဈေးများ မြင့်တက်နေသည်ကို ထိန်းချုပ်သည့်အနေဖြင့် ဆင်းရဲနွမ်းပါး သော အိမ်ထောင်စုပေါင်း ငါးသန်းကို ဈေးချိုသည့် ဆန်များကို စက်တင်ဘာလအထိ ရောင်းချပေးမည့် အစီအစဉ် စတင်မည် ဖြစ်ကြောင်းနှင့် ၎င်းအစီအစဉ် ရောင်းချပေးနိုင်လျှင် ဆန်ဈေး နှုန်းများ ပြန်လည်တည်ငြိမ်လာမည်ဟု မျှော်လင့်နေကြောင်း သိရှိရသည်။လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၉ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန် နှင့်ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၄၆၄၅၁၄ ဒသမ ၇၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၈၅၃ သန်း၊ ဆန်ကွဲ တန်ချိန် ၃၁၉၂၀၉ ဒသမ ၁၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၃၅၇ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၇၈၃၇၂၃ ဒသမ ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇၁ ဒသမ ၂၁၀ သန်း ရရှိထားပြီး ယခင်နှစ်ကာလ တူတွင် ဆန်တန်ချိန် ၃၃၁၈၆၉ ဒသမ ၈၆၃ တန်၊ တန်ဖိုး အမေ ရိကန်ဒေါ်လာ ၁၃၅ ဒသမ ၉၇၈ သန်း၊ ဆန်ကွဲတန်ချိန် ၂၆၈၇၆၁ ဒသမ ၄၈၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၆၁၉ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု တန်ချိန် ၆၀ဝ၆၃၁ ဒသမ ၃၄၃ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၂၂ ဒသမ ၅၉၇ သန်းဖြစ်ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရ သည်။