Main menu

Background

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

Mon, 07/31/2023 - 11:24 -- journal_editor

ပခုက္ကူဒေသသည် စပါးစိုက်ဧကနည်းပြီး စားသုံးဆန် ဖူလုံမှု   မရှိသောကြောင့် တခြား  တိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသော ဒေသဖြစ်သည်။ ဧရာဝတီ တိုင်းဒေသကြီးဖြစ်သော ပုသိမ်၊ မြောင်းမြနှင့် မြန်အောင်မြို့ များမှ ရေကြောင်းလမ်းဖြင့်လည်းကောင်း၊ ရွှေဘို၊ ဆင်ဖြူ ကျွန်း၊ စလင်းဒေသများမှ   ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ 
ပခုက္ကူဒေသတွင် ဆန်များ မှာယူစားသုံးရပြီး ဆန်ထွက် ရှိရာ ဒေသများတွင်လည်း ဆန်ဈေးနှုန်းမြင့်တက်ပြီး သယ်ယူ ပို့ဆောင်စရိတ် မြင့်တက်လာခြင်းကြောင့် ဆန်ဈေးနှုန်းများ လည်း မြင့်တက်လာသည်ကို တွေ့ရသည်။ 
ယခု ဇူလိုင် ဒုတိယပတ်တွင် အရောင်းအဝယ် ဖြစ်နေ သော ဆန်ဈေးနှုန်းများမှာ အများစားသုံးသော ဆန်ဖြစ်သည့် မြောင်းမြ ဧရာပဒေသာမှာ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ စလင်း၊ ရှောက်တောဘက်မှလာသော ဧရာပဒေသာ ထူးရှယ် တစ်အိတ်လျှင် ကျပ် ၁၀၂၀ဝ၀၊ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာ တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ၊ အောင်သုခ တစ်အိတ် လျှင် ကျပ် ၇၉၀ဝ၀၊ လိပ်မလေး တစ်အိတ်လျှင် ကျပ် ၈၂၀ဝ၀၊ မနောသုခအဟောင်း တစ်အိတ်လျှင် ကျပ် ၇၉၀ဝ၀၊ မနော သုခ အသစ် တစ်အိတ်လျှင် ကျပ် ၆၄၀ဝ၀- ၆၆၀ဝ၀၊ ဝန်ကြီး ပဒေသာ တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ ဧရာမင်း တစ်အိတ် လျှင် ကျပ် ၁၀၅၀ဝ၀၊ ဆလတ်ကြီး(မိုး) တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ဆလတ်ကြီး(နွေ)  တစ်အိတ်လျှင် ကျပ် ၅၃၀ဝ၀ အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသောဆန် ဖြစ်ပြီး ယခုဇူလိုင် ဒုတိယပတ်တွင် ဇွန်လ နောက်ဆုံးပတ်ဈေး အတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရသည်။ မြောင်းမြဒေသ မှလာသော   ပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀- ၁၀ဝ၀ဝ၀ ရှိပြီး ရွှေဘိုမှလာသော ပေါ်ဆန်းမွှေးမှာ တစ်အိတ် လျှင် ကျပ် ၁၁၅၀ဝ၀ နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

စန်းမြင့်ရီ (ပခုက္ကူ)