Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Mon, 07/31/2023 - 11:28 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များ၌ တောင်သူများ စပါး လက်ကျန်နည်းပါးလာသဖြင့် ခရိုင်အားလုံး ဈေးအနည်းငယ် တက် နေကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ  ရွှေဘိုခရိုင်၊ ရွှေဘို မြို့နယ်၌ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၂၀ဝ၀ ၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ်၂၆၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊  နွေစပါး (ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ရေဦးခရိုင် ရေဦးမြို့နယ်၌ ပေါ်ဆန်း (စပါး)တင်း ၁၀ဝ အလျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်) တစ်အိတ်လျှင် ကျပ် ၁၀၂၀ဝ၀၊  ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၁၀၅၀ဝ၀ ၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ တို့ဖြင့်   အရောင်းအဝယ်  ဖြစ်နေ ကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၅၀ဝ၀ဝ၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅၀ဝ၀၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၈၅၀ဝ၀ဝ၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၃၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၀၆၀ဝ၀ဝ၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ် ၈၀ဝ၀ဝ၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၉၀ဝ၀ဝ၀၊ နွေစပါး(ဒေသမျိုး)(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၂၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်၌ မှော်ဘီ(၂)(စပါး) တင်း ၁၀ဝ လျှင် ကျပ်၁၉၅၀ဝ၀ဝ၊ မှော်ဘီ(၂) ဆန် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၁၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၇၅၀ဝ၀၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၀၂၀ဝ၀ဝ၊ ဧရာမင်း (ဆန်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၆၀ဝ၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင်  ကျပ် ၆၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့၌ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၆၀ဝ၀ဝ၀၊  ဧရာမင်း(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀၅၀ဝ၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၀ဝ၀ဝ၀ဝ၊  ပေါ်ဆန်း (ဆန်) ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ မနောသုခ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ မနောသုခ (ဆန်)၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌  ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၅၀ဝ၀ဝ၀၊  ဧရာမင်း(ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ ပေါ်ဆန်း(စပါး)တင်း ၁၀ဝ လျှင်   ကျပ် ၃၀ဝ၀ဝ၀ဝ၊ ပေါ်ဆန်း(ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀၊ နွေစပါး ရွှေဝါထွန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၅၅၀ဝ၀ဝ၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၈၀ဝ၀ တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ 
ဇူလိုင်လ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့အိတ်ရေ ၁၅၅၀ဝ၊ မန္တလေးသို့ အိတ်ရေ ၂၆၄၀ဝ၊ မကွေးသို့ အိတ်ရေ ၆၀ဝ၊ နေပြည်တော် သို့ အိတ်ရေ ၆၀ဝ၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၅၀ဝ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀ဝ၊ ကချင်သို့ အိတ်ရေ ၁၈၀ဝ၊ စုစုပေါင်း အိတ်ရေ ၅၉၃၀ဝအိတ်၊ တန်အားဖြင့် ၂၉၆၅  စီးထွက်ခဲ့ ကြောင်းသိရသည်။

တင်မာဝေ (မုံရွာ)