Main menu

Background

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Mon, 08/14/2023 - 10:12 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးသည်   ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ တောင်သူများ စပါးလက်ကျန်နည်းပါးလာပြီး   အဝယ်များနေခြင်းကြောင့်  ခရိုင် အားလုံး ဈေးအနည်းငယ် တက်နေကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သြဂုတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀ဝ လျှင် ကျပ် ၃၂၅၀ဝ၀ဝ၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ ဧရာမင်း (စပါး)တင်း ၁၀ဝ လျှင် ကျပ်၂၇၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၇၅၀ဝ၀ဝ၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ ပြည်ပါ တစ် အိတ်လျှင် ကျပ် ၇၇၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ သည်။
ရေဦးခရိုင် ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၃၂၅၀ဝ၀ဝ၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင် ကျပ် ၁၃၀ဝ၀ဝ၊  ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၇၀ဝ၀ဝ၀၊ ဧရာမင်း (ဆန်) ၂၄ ပြည်ပါ  တစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ နွေစပါး(ရွှေဝါထွန်း) စပါး တင်း ၁၀ဝ လျှင် ကျပ် ၁၇၅၀ဝ၀ဝ၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၇၀ဝ၀ များဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း သိရသည်။
ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၁၅၀ဝ၀ဝ၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ် ကျပ် ၉၀ဝ၀ဝ၊ ငစိန်(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၀၇၀ဝ၀ဝ၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ၈၅၀ဝ၀၊ ဧရာမင်း(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၂၃၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် ကျပ် ၉၃၀ဝ၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ ပြည်ပါ တစ်အိတ်ကျပ် ၈၃၀ဝ၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။
ကသာခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၉၅၀ဝ၀ဝ၊ မှော်ဘီ(၂) ဆန် ၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၈၁၀ဝ၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀ဝ လျှင် ကျပ် ၂၁၀ဝ၀ဝ၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ် ကျပ် ၈၅၀ဝ၀၊ ဧရာမင်း (စပါး)တင်း ၁၀ဝလျှင် ကျပ် ၂၄၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန် တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀ဝ လျှင် ကျပ် ၁၃၀ဝ၀ဝ၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ် ကျပ် ၆၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
မုံရွာခရိုင် မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ်     ၂၇၀ဝ၀ဝ၀၊  ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ် ကျပ် ၁၂၀ဝ၀ဝ၊ ပေါ်ဆန်း (စပါး) တင်း ၁၀ဝ လျှင် ကျပ် ၃၂၅၀ဝ၀ဝ၊  ပေါ်ဆန်း (ဆန်) ၂၄ ပြည်တစ်အိတ် ကျပ် ၁၃၀ဝ၀ဝ၊ မနောသုခ(စပါး) တင်း ၁၀ဝလျှင် ကျပ် ၂၀ဝ၀ဝ၀ဝ၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀ဝ လျှင် ကျပ် ၂၆၅၀ဝ၀ဝ၊  ဧရာမင်း (ဆန်) ၂၄ ပြည် တစ်အိတ် ကျပ် ၁၁၅၀ဝ၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀ဝ  လျှင်  ကျပ် ၃၂၀ဝ၀ဝ၀၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀ဝ လျှင် ကျပ် ၁၇၀ဝ၀ဝ၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၇၃၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန် စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၀ဝ၀၊ မန္တလေးသို့  အိတ်ရေ ၂၈၂၀ဝ၊ မကွေးသို့ အိတ်ရေ ၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၆၀ဝ၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀ဝ၀၊ ရှမ်း(မြောက်) သို့ အိတ်ရေ ၄၀ဝ၀၊ ကချင်သို့ အိတ်ရေ ၂၂၀ဝ၊ စုစုပေါင်း အိတ်ရေ ၅၉၀ဝ၀ အိတ်၊ တန် အားဖြင့် ၂၉၅၀  စီးထွက်ခဲ့ပြီး  ယခု သြဂုတ်လ ဒုတိယပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၂၃၇၀ဝ၊ မကွေးသို့ အိတ်ရေ ၆၀ဝ၊ နေပြည်တော်သို့ အိတ်ရေ ၅၀ဝ၀၊ ရှမ်း (တောင်)သို့  အိတ်ရေ ၄၀ဝ၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀ဝ၀၊ ကချင်သို့ အိတ်ရေ ၂၀ဝ၊ စုစုပေါင်းအိတ်ရေ ၅၃၅၀ဝ အိတ်၊ တန်အား ဖြင့် ၂၆၇၅ စီးထွက်ခဲ့သည့်အတွက် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အိတ်ရေ ၅၅၀ဝ တန်အားဖြင့်  ၂၇၅ လျော့နည်း စီးထွက်ခဲ့ကြောင်း သိရှိရသည်။                            

တင်မာဝေ (မုံရွာ)