Main menu

Background

မာန်အောင်မြို့တွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများ အခြေအနေ

Mon, 08/14/2023 - 12:18 -- journal_editor

မာန်အောင်ဒေသသည် ရခိုင်ပြည်နယ် တောင်ကုတ် ခရိုင်အတွင်းရှိ ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိသော ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး   လူဦးရေ  ခုနစ်သောင်းကျော် နေထိုင်လျက်ရှိကာ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်း အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို အဓိက လုပ်ကိုင်လျက်ရှိကြသည်။
မာန်အောင်ဒေသတွင် မိုးစပါး  စိုက်ဧကအနေဖြင့် ၂၆၆၀ဝ  ကျော်ရှိပြီး ရွှေဝါထွန်းမျိုးစပါးကို အဓိကထားစိုက် ပျိုးလျက်ရှိသည်။  မိမိဒေသထွက် ဧည့်မထဆန်ကိုသာ အဓိက ထား စားသုံးကြပြီး မြို့ပေါ်ပြည်သူများနှင့် ထမင်းဆိုင်များတွင် ပေါ်ဆန်းမွှေးဆန်များ ကိုစားသုံးကြောင်း လေ့လာတွေ့ရှိ ရသည်။
ယခုလက်ရှိ ၂၀၂၃ ခု သြဂုတ်လ ဒုတိယပတ်အတွင်း ဧည့်မထ (ရိုးရိုး)၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၃၀ဝ၀ မှ ၆၅၀ဝ၀ အတွင်း၊  ပေါ်ဆန်မွှေး(ရှယ်) ၂၄ ပြည်ပါ တစ်အိတ် လျှင်  ကျပ်   ၁၀၆၀ဝ၀ မှ၁၀၈၀ဝ၀ အတွင်း အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိသည်။ ဇူလိုင်လအတွင်း ဧည့်မထ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၆၀ဝ၀ဝ မှ ၆၃၀ဝ၀ အတွင်း၊ ပေါ်ဆန်း မွှေး(ရှယ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၀၃၀ဝ၀ မှ ၁၀၅၀ဝ၀  အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ်လ  ဒုတိယပတ်အတွင်း ဧည့်မထ(ရိုးရိုး) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၀ဝ၀ မှ ၂၀ဝ၀  အတွင်း၊ ပေါ်ဆန်းမွှေး(ရှယ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀  အတွင်း၊ ဈေးနှုန်း မြင့်တက်လာပြီး အရောင်းအဝယ် ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရှိရသည်။    

 

စားသုံးသူရေးရာဦးစီးဌာန၊ မာန်အောင်မြို့