Main menu

Background

သြဂုတ်လ စတုတ္ထပတ်အတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် တစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Wed, 08/30/2023 - 15:45 -- journal_editor

သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ  ၄ ဒသမ ၇၀၇ သန်း  တန်ဖိုးရှိ ဆန်တန်ချိန် ၉၂၈၀ ကျော်တင်ပို့ခဲ့သည်။  ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် ၅၃၅၁ တန်နှင့် အာရှနိုင်ငံများသို့ တန်ချိန် ၃၉၃၀ ကျော် တင်ပို့ခဲ့ သည်။  ဆန်တင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ ချက် သမ္မတနိုင်ငံသို့ ဆန်တန်ချိန် ၅၀၂ တန်၊ ပြင်သစ်နိုင်ငံသို့  ၂၇၅ တန်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ခရိုအေးရှားနိုင်ငံသို့ ၇၅ တန်၊ အီတလီနိုင်ငံသို့ တန်ချိန်၂၅၀၊ ဂျာမနီနိုင်ငံသို့ ၂၂၄ တန်၊ ဂရိနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀ နှင့် စပိန်နိုင်ငံသို့ ဆန် ၂၀၂၅ တန် အသီး သီး တင်ပို့ခဲ့သည်။
အာရှနိုင်ငံများဖြစ်သော ဟောင်ကောင်သို့ ဆန်တန် ချိန် ၈၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန် ၂၈၉၂ တန်၊ စင်ကာပူနိုင်ငံသို့ ဆန်၂၄ တန်နှင့်  အရှေ့တီမောနိုင်ငံသို့ ဆန် ၉၃၆ တန် တင်ပို့ ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာ- တရုတ်နယ်စပ်ကုန်သွယ် မှုမှ ဆန်တန်ချိန် ၁၅၀ နီးပါးတင်ပို့ခဲ့သည်။
သြဂုတ် ၁၂ရက်မှ ၁၈ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ  ၂ ဒသမ ၄၁၀ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၅၅၁၅ ကျော် တင်ပို့ခဲ့ သည်။ ဆန်ကွဲတင်ပို့ မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ၉၇၅ တန်၊ အာရှနိုင်ငံများဖြစ်သော တရုတ်နိုင်ငံသို့ ဆန်ကွဲ တန်ချိန် ၄၀၃၀ နှင့် ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၁၀ ကျော် တင်ပို့ခဲ့သည်။ 
ယခုတစ်ပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၂ သန်း  တန်ဖိုးရှိ   ဆန်ကွဲ ၁၃၉၅ တန်  တင်ပို့ခဲ့သည်။  နည်းလမ်း နှစ်သွယ်မှ ဆန်ကွဲတင်ပို့မှုတန်ချိန် စုစုပေါင်း  ၆၉၁၀ ကျော်ရှိ တန်ဖိုး အမေရိကန်ဒေါ်လာ ၂  ဒသမ ၉၈၂ သန်း  ရရှိခဲ့သည်။ ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲ တင်ပို့မှုစုစုပေါင်း တန်ချိန်  ၁၆၃၄၀ ကျော်ရှိကြောင်း သိရှိရသည်။   

 

   ငြိမ်းဝေနှင်း (CJ)