Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Tue, 09/26/2023 - 10:28 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၂ ဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၅၄၂ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရ သည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၆၅၄ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၂ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ ဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂ ဖြင့်  လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၇ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဖြင့်လည်း ကောင်း အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။Thai Rice Exporter Association Website တွင် ဖော်ပြချက်အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်ခဲ့ပြီး ပါကစ္စတန်နှင့် အိန္ဒိယ နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရ သည်။
ပြည်ပဆန်ဈေးကွက်သတင်းအနေဖြင့် အရှေ့တောင်အာရှ ၏ လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အစိုးရ သည် ဆန်သိုလှောင်မှု ဖြည့်တင်းရန် ရည်မှန်းထားခြင်းကြောင့် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ ပထမ ရှစ်လတွင် ၂၀၂၂ အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ဆန်အများအပြား ပိုမိုတင် သွင်းကြောင်း အင်ဒိုနီးရှားနိုင်ငံ စာရင်းအင်းဌာနမှ ထုတ်ပြန်ချက် အရ သိရှိရသည်။ 
အာရှနိုင်ငံအနှံ့ရှိ အဓိက စပါးစိုက်ဒေသများတွင် ပူပြင်း ရာသီကြောင့် ရိတ်သိမ်းမှုကို စိုးရိမ်နေရပြီး ထိပ်တန်းဆန်တင်ပို့ သည့် အိန္ဒိယနိုင်ငံကလည်း ဆန်ဈေးနှုန်း ကြီးမြင့်မှုနှင့် ၎င်း၏ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် တင်ပို့မှုများကို ကန့်သတ်ချက်များ ချမှတ်လာခြင်းကြောင့် နိုင်ငံအများအပြားတွင် ဆန်ဈေးနှုန်းသည် ၂၀ ရာခိုင်နှုန်း အထိ မြင့်တက်နေကြောင်း သိရှိ ရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် စုစုပေါင်း ဆန်တန်ချိန် ၂ဒသမ၉ သန်းခန့် တင်သွင်းမည်ဟု ၎င်းတို့ အမျိုး သားစားနပ်ရိက္ခာဌာနမှ ပြောပြချက်အရ သိရှိရသည်။
ပြည်တွင်းဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ  တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ပေါက်ဈေးရှိပြီး ရွှေဘို ပေါ်ဆန်းမှာ တစ်အိတ်လျှင် ကျပ်  ၁၂၅၀ဝ၀ ကြား ပေါက် ဈေးရှိ သည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၈၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ဧည့်မထ ရိုးရိုး ဆန်တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၉၀ဝ၀ ကြား ပေါက်ဈေးရှိ ကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ ကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ  ၁ ရက် မှ စက်တင် ဘာ ၁၅ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၉၉၄၀၆ ဒသမ ၃၆၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၂၁၉ သန်း၊ ဆန်ကွဲတန်ချိန် ၂၃၁၄၀၆ ဒသမ ၇၀ဝ တန်၊ တန်ဖိုး  အမေရိကန် ဒေါ်လာ ၉၂ ဒသမ ၉၇၈ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့ နိုင်မှု တန်ချိန် ၄၃၀၈၁၃ ဒသမ ဝ၆၁ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၉၁ ဒသမ ၁၉၇ သန်း ရရှိထားပြီး၊ ယခင်နှစ်ကာလတူ တွင် ဆန်တန်ချိန် ၄၉၀၂၀၁ ဒသမ ၂၀ဝ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇၈ ဒသမ ၈၃၄ သန်း၊ ဆန်ကွဲ တန်ချိန် ၃၆၂၈၅၃ ဒသမ ၄၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၅၅၁ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၈၅၃၀၅၄ ဒသမ ၆၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၆ ဒသမ ၃၈၅ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၉၀၇၉၄ ဒသမ ၈၃၉ တန်၊ တန်ဖိုး  အမေရိကန်ဒေါ်လာ ၈၀ ဒသမ ၆၁၅ သန်းနှင့် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၁၃၁၄၄၆ ဒသမ ၇၀ဝ တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅၇၃ သန်း လျော့နည်းတင်ပို့ခဲ့သည်။ 
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့တွင် စက် တင်ဘာ ၂၀ ရက်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၀ဝ ယွမ်ရှိပြီး (ပြင်ပငွေလဲနှုန်း တစ်ယွမ်လျှင် ၄၅၅ ကျပ်နှုန်း  ရှိသောကြောင့် ဆန်တစ်အိတ်လျှင်  ကျပ် ၉၀ဝ၀ဝ ကျော်) ပေါက်ဈေးရှိကြောင်း သိရှိရသည်။ မြန်မာ-ထိုင်း နယ်စပ် ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပငွေလဲနှုန်း အနေဖြင့် ၁ ဘတ်လျှင် ၉၄ ကျပ်နှုန်း ပေါက်ဈေးရှိကြောင်း သိရှိ ရသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် ဟားခါးမြို့တွင် ကျပ် ၆၈၅၀ ဖြင့် အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး မော်လမြိုင်မြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ကျပ် ၂၇၅၀ ဖြင့် အနိမ့်ဆုံးဈေးနှုန်းများ ဖြစ်ပေါ်ခဲ့ သည်ကို တွေ့ရှိရသည်။
Thai Rice Exporter Association Websiteတွင် ဖော်ပြချက်အရ ယခု တစ်ပတ်တွင် ကမ္ဘာ့ဆန်ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ် ပါက ၁ ဒသမ ၅၁ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာ တတိယပတ်တွင် နိုင်ငံ တကာ ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့ သို့ မြန်မာနိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို လေ့လာသုံးသပ် တင်ပြအပ် ပါသည်။

P&S