Main menu

Background

ပြည်ခရိုင် မိုးစပါးဈေးနှုန်းများ မြင့်တက်

Wed, 12/20/2023 - 10:34 -- journal_editor

ပြည်ခရိုင်အတွင်းရှိမြို့နယ်များတွင်မိုးစပါးသစ်များ လှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ပြည်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၇၄၆၄၂ ဧက စိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ ၆၀၇၆၂ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ ဧက စိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ ၃၈၆၆၃ ဧက၊ ပန်းတောင်းမြို့နယ်တွင် ၃၆၉၃၅ ဧက စိုက်ပျိုးပြီး ရိတ်သိမ်း ၄၃၈၆၇ ဧက၊ ရွှေတောင်မြို့နယ်တွင် ၅၈၁၆၃ ဧက စိုက်ပျိုးပြီး ရိတ်သိမ်းဧကမှာ ၄၈၂၅၆ ဧကဖြစ်သည်။ အထွက်နှုန်းအနေဖြင့် ၈၉ တင်းခန့်ထွက်ရှိသည်။ 
ကရင်မစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ယခင်တစ်ပတ်က ကျပ် ၁၆၄၀ဝ၀ဝ ရှိပြီး ယခုဒီဇင်ဘာဒုတိယပတ်တွင် ကျပ် ၁၇၀ဝ၀ဝ၀ သို့ ဈေးမြင့်တက်ခဲ့သည်။ ကရင်မဆန် တစ်အိတ်လျှင် ယခင်တစ်ပတ်က ကျပ် ၆၀ဝ၀ဝ မှ ယခုအပတ်တွင် ကျပ် ၆၃၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိသည်။ မှော်ဘီစပါး တင်း ၁၀ဝ လျှင် ယခင်က ကျပ် ၁၇၀ဝ၀ဝ၀၊ ယခုဒီဇင်ဘာ ဒုတိယပတ်တွင် ကျပ် ၁၈၀ဝ၀ဝ၀ ထိ ဈေးမြင့်ခဲ့ သည်။ မှော်ဘီဆန်တစ်အိတ်လျှင် ယခင်က ကျပ် ၆၅၀ဝ၀ မှ ယခုပတ်တွင် ကျပ် ၆၈၀ဝ၀ သို့ ဈေးမြင့်ခဲ့သည်။ 
ယခုရက်ပိုင်းအတွင်း စပါး၊ ဆန်ဈေး မြင့်တက်ရခြင်းမှာ သယ်ယူပို့ဆောင်ခ ဈေးမြင့်ခြင်း၊ စပါးရိတ်သိမ်းခများမှာ ယခင်က တစ်ဧကလျှင် ကျပ် ၁၀ဝ၀ဝ၀၊ ယခု တစ်ဧကလျှင် ကျပ် ၁၄၀ဝ၀ဝ သို့ ဈေးမြင့်တက်ခဲ့ခြင်းတို့ကြောင့် စပါးဈေးဆန် ဈေးများ မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                

   လွင်လွင်ဆန်း(ပြည်)